အဗျား ဝေါကွင်း ရှောင်လမ်း ပေါ်က Hilux ယာဉ် ပေါ်မှ ကျပ် ၇၃ သိန်း ကျော် တန်ဖိုး ရှိ ယာဉ် အစိတ် အပိုင်းများ အပါ အဝင် အကောက် ခွန်မဲ့ ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့

Tue, 05/14/2013 - 10:11 -- admin

ဗုဒ္ဓဟူးနေ့ ၃ ဧပြီလ  ၂၀၁၃ 10 :36  AM

Mobile Team အဖွဲ့-၂ ခေတ္တ အခြေပြု အား သတင်း ပေးချက် အရ အဗျား ဝေါကွင်း ရှောင်လမ်း ပေါ်တွင် တရား မဝင် ကုန်တင် ယာဉ်များကို တွေ့ရှိ၍ လိုက်လံ ဖမ်းဆီး မှုများ ပြုလုပ် ခဲ့ရာမှာ Hilux ယာဉ် (၁) စီးနဲ့ Light Truck (၁) စီး တို့အား လက်ရ ဖမ်းဆီး ရသဖြင့် Mobile Team အဖွဲ့-၂ ခေတ္တ အခြေ ပြုရာ သို့ ယာဉ် (၂) စီးအား သယ်ပြီး ယာဉ် ပေါ်ပါ ကုန်ပစ္စည်း များကို စစ်ဆေး ခဲ့ပါတယ်။ Hilux ယာဉ်အမိုျး အစား ယာဉ်အမှတ် ၂ခ/xxxx ပေါ်မှ ကားလေးဒိုင်နမို၊ ဒီဇယ်ပန့်၊ ကားရှေ့ဘောနပ်ဖုံးများ၊ ရေတိုင်ကီ၊ ကား စတီယာ တိုင် (One Set)၊ ဒတ်ရှ်ဘုတ်၊ မော်တာပါ ကား နောက်ကြည့်မှန်၊ ကား ရှေ့မီးအုံ၊ Silent မီးအုံ၊ Milage အုံ၊ နောက်ကြည့် မှန်၊ ကားရေ တိုင်ကီ အဖုံး၊ ပလပ်ကြိုး၊ စတီရာရင် ဂွိုျင်းဘော၊ ကားဟွန်း၊ အိပ်ဇောစွပ်၊ ရေသုတ် တံ၊ လျှပ်စစ် ပစ္စည်း မိုျးစုံ၊ အပင် အားဆေးနဲ့ ပိုးသတ် ဆေးများ အပါ အဝင် ကာလ တန်ဖိုး ကျပ် ၇၃ ဒသမ ၅၂၁ သိန်း တန်ဖိုးရှိ အကောက် ခွန်မဲ့ ပစ္စည်း ၂၃ မိုျး ကို စစ်ဆေး ရှာဖွေ တွေ့ရှိ ခဲ့ရ တယ်လို့ သတင်း ရရှိ ပါတယ်။ အဆိုပါ ရှောင်ကွင်း လမ်းမှာပင် Light Truck ယာဉ်အား တားဆီးရှာဖွေရာမှာ ကျပ် ၂၂ ဒသမ ၆၈ဝ သိန်း တန်ဖိုးရှိ Beer Chang ၃၁၅ ဖာကို လည်း သိမ်းဆည်း ခဲ့ရ ပါတယ်။ တရား မဝင် ပစ္စည်းများ တင်ဆောင် လာတဲ့ ယာဉ်များဟာ တရားဝင် မှတ်ပုံတင် ထားသော ယာဉ်များ ဟုတ်မဟုတ စိစစ် ဆောင်ရွက် ရာမှာ Hilux ယာဉ် ၂ခ/xxxx မှာ တရား မဝင် မှတ်ပုံ တင်မဲ့ ယာဉ် ဖြစ်ကြောင်း စိစစ် တွေ့ရှိ ရသဖြင့် ခန့်မှန်း တန်ဖိုး ကျပ် သိန်း ၃ဝ နဲ့ အမှု ဖွင့်ဆောင် ရွက်ထား တယ်လို့ သိရှိ ရပါတယ်။

Source : လရ-၂ ---MTN