သာမန်ထိန်းခုျပ် ပစ္စည်းအဆင့်အတန်းဝင် တရုတ်နိုင်ငံလုပ် ထိုးဆေးများနဲ့ အကောက်ခွန်မဲ့ အထည်ထုပ်များ စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 07:29 -- admin

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 03 း 42 PM

မူဆယ်-မန္တလေးကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုများ တားဆီးရန် အဖွဲ့စုံပါဝင်သော Mobile Team အဖွဲ့ (၁) ဟာ ယာဉ်များအား ရှောင်တခင် စစ်ဆေး အရေးယူမှုများ လုပ်ဆောင်လျက်ရှိနေတာဖြစ်ပါတယ်။ မတ်လ ၄ ရက် ဝ၉း၃ဝ ချိန်မှာ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းအတိုင်း မောင်းနှင်လာတဲ့ Toyota Hiace ၃ဂ/xxxx အား နောင်ချိုအေးရှားဝေါလ် တိုးဂိတ်အနီးမှာ အခြေပြု စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးရန် ရပ်တန့်စေခဲ့သော်လည်း ဆက်လက် မောင်းနှင်သွားတဲ့ အတွက် စစ်ဆေးရေးအဖွဲ့သို့ ပြန်လည်ခေါ်ယူ စစ်ဆေးမှုပြုခဲ့ ရာမှာတော့ ဒိုင်ယာဇီပင် ထိုးဆေးများ၊ အထည်အလိပ် အထုပ်များကို ယာဉ်ပေါ်မှ စစ်ဆေးတွေ့ရှိ ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ဒိုင်ယာဇီပင် ထိုးဆေးများဟာ သာမန်ထိန်းချုပ် ပစ္စည်း အဆင့် အတန်း ဝင် ဆေးဝါးများ ဖြစ်ပါတယ်။  Injection ၉၉၄၇ လုံးနဲ့ အထည်အထုပ်ကြီး ၆ ထုပ်၊ အထုပ်သေး ၁၄ ထုပ်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ ရတာဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းများအား ယာဉ်ပေါ်မှာသိုဝှက် ဖုံးအုပ် သယ်ဆောင် လာတာကို ရှာဖွေ တွေ့ရှိခဲ့ တာလို့ သိရပါတယ်။ ယာဉ်မောင်း၊ ယာဉ်၊ သာမန်ထိန်းခုျပ်ပစ္စည်း၊ ဒိုင်ယာဇီပင် ထိုးဆေးများအား နောင်ခိုျ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့သို့ ဥပဒေအရ အရေးယူနိုင်ရေး အပ်နံှထားပြီး တရားမဝင် အကောက်ခွန်မဲ့ အထည်ထုပ် များအား အကောက်ခွန်ဦးစီးဌာန လားရှိုးသို့ လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျ လွဲှပြောင်းအပ်နံှ ထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Source လရ (၁)                                                                                        MTN