တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ်စားသုံးကုန်ဈေးကွက်အတွင်း၌ ကိုယ်ကျိုးစီးပွားအတွက် နာမည်ကြီး စားသောက်ကုန်များအား အတုပြုလုပ်ရောင်းချမှုများ ရှိနေ

Fri, 09/30/2011 - 04:09 -- Anonymous (not verified)

နေပြည်တော် ၊ စက်တင်ဘာလ ၂၉

      မသမာသူစီးပွားရေးလုပ်ငန်းရှင်များမှ တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ်စားသုံးကုန်ဈေးကွက် အတွင်း၌ ပြည်သူအများ၏ ကျန်းမာရေးနှင့် အသက်အိုးအိမ်တို့အား အလေးမထားဘဲ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နာမည်ကြီး စားသောက်ကုန်များအား အတုပြုလုပ်ရောင်းချမှုများ ရှိနေ ကြောင်း ၊ ၂၀၁၁ ခုနှစ် ၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ကူမင်းခရိုင် ကုန်အံဌာန မှုခင်းတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ ရွှေငါးတံဆိပ် စားသုံးဆီအား အတုအပ ထုတ်လုပ်ထားသည့် စားသုံးဆီများအား တွေ့ရှိခဲ့ရသဖြင့် ထုတ်လုပ်ပြီး စားသုံးဆီပေပါပေါင်း (၂၇၄) ပေပါ (တန်ဖိုးအားဖြင့် ယွမ် တစ်သိန်းကျော်ခန့်) ၊ ထုတ်လုပ်သည့်နေရာ (၂) နေရာနှင့် စားသုံးဆီ သိုလှောင်ရာ ဂိုဒေါင် (၁) လုံး ၊ စားသုံးဆီ ရောင်းချသည့်ဆိုင် (၂) ဆိုင်နှင့် ရွှေငါးတံဆိပ် စားသုံးဆီ အတု ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင် (၅) ဦးအား ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်းနှင့် အဆိုပါ အဖွဲ့မှ ရွှေငါးတံဆိပ် စားသုံးဆီအတုအပ ပြုလုပ်မှုအခြေအနေအား ထိုနယ်မြေအတွင်း ကွင်းဆင်း လေ့လာခဲ့ရာ ဆီပေပါပေါင်း (၁၄၁၇) လုံး ၊ ရွှေငါးတံဆိပ်အတု (၁၀၀၀) ကျော်နှင့် ပလပ်စတစ် ပေပါခွံ (၂၀၀၀) ကျော် တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု သတင်းရရှိသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့်လည်း မိမိနိုင်ငံအတွင်းသို့ စားသောက်ကုန်အတုအား တရုတ်နိုင်ငံ မျက်နှာစာအပေါက်များမှ ဝင်ရောက်မှုမရှိစေရေးအတွက် တားဆီးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source : နယ်စပ်ဦးစီး / နေပြည်တော်