ကျပ် ၁၆ သိန်းကျော်တန်ဖိုးရှိ ကြက်အသည်းအမြစ်များ Mobile Team အဖွဲ့-၂ စစ်ဆေးတွေ့ရှိ၍ မီးရှို့ဖျက်ဆီးခဲ့

Mon, 05/13/2013 - 03:44 -- admin

တနင်္ဂနွေနေ့ ၀၆ ဇန်နဝါရီလ ၂၀၁၃ 21:10 PM

ဒီဇင်ဘာလ ၂၉ ရက်နေ့က မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ ဒိုက်ဦး-မြစ်ကျိုး၊ လမ်းသစ် လမ်းဟောင်း လမ်းဆုံမှာ စားသုံးသူ အကာအကွယ် ပေးရေး၊ တရားမဝင် လိုင်စင်မဲ့ ကုန်ပစ္စည်းများနဲ့ ကန့်သတ် ကုန် ပစ္စည်းများအား Mobile Team အဖွဲ့-၂ မှ Spot Check စနစ်နဲ့ တားဆီး ရှာဖွေခဲ့ရာ ယာဉ်အမှတ် ၉က/xxxxx မှာ ဘိလပ်မြေ အိတ်များ အောက်တွင် ဝှက်သယ်ဆောင်လာသော ကြက်အသည်း အမြစ်များကို ရှာဖွေ တွေ့ရှိခဲ့ တယ်လို့ သိရ ပါတယ်။

အဆိုပါ ကြက်အသည် းအမြစ်များဟာ တရားမဝင် လိုင်စင်မဲ့ တင်သွင်းလာခြင်း၊ ပုပ်သိုး ပျက်စီးလွယ်ခြင်းနဲ့ အများပြည်သူ ကျန်းမာရေး ထိခိုက်စေနိုင်ခြင်းတို့ကြောင့် စားသုံးသူ အကာအကွယ်ပေးရေး အတွက် ဒီဇင်ဘာလ ၂၉ ရက် ၁၁း၃၀ ချိန်မှာ မီးရှို့ ဖျက်ဆီးခဲ့တယ် သတင်းရရှိပါတယ်။ အဆိုပါ ကြက်အသည်း အမြစ်မှာ အလေးချိန် အားဖြင့် ကီလို ၈၀ဝ ခန့်ရှိပြီး တန်ဖိုးအားဖြင့် မြန်မာ ကျပ်ငွေ ၁၆၀ဝဝဝ၀ ဝန်းကျင် ရှိတယ်လို့ သတင်းရရှိပါတယ်။

Source: လရ-၂ (ပန်)