(၈-၅-၂၀၂၀) ရက်နေ့မှစတင်ပြီးအွန်လိုင်းပို့ကုန်သွင်းကုန်လိုင်စင်စနစ်(Fully Online )တွင် MPU eCommerce Pay ဖြင့်ပေးချေနိုင်ပြီ

Fri, 05/08/2020 - 11:55 -- ictuser

#COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်လိုင်စင်ထုတ်ပေးမှုလုပ်ငန်းများအား (၁-၄-၂၀၂၀) ရက်နေ့မှ စတင်၍ (Fully Online) အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲထုတ်ပေးဆောင်ရွက်လျက်ရှိရာ ကုန်သွယ်မှုဆိုင်ရာငွေကြေးပေးသွင်းမှုများအတွက် မြန်မာနိုင်ငံသားများဘဏ်၏ (MCB) ePayment စနစ်ဖြင့် အွန်လိုင်း မှပေးသွင်းနိုင်ရန် ဆောင်ရွက်ထားရှိပါသည်။

#ဆက်လက်၍ Myanmar Payment Union (MPU) နှင့်ချိတ်ဆက်ထားသည့် ဘဏ်အားလုံးမှပေးချေနိုင်သည့် (MPU eCommerce Pay) ဖြင့်ပေးချေမှုအား (၈-၅-၂၀၂၀) ရက်နေ့မှစတင်၍ ပို့ကုန်သွင်းကုန်လိုင်စင်စနစ် (Fully Online Licence) စနစ်တွင်ပေးချေနိုင်ပြီဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် (MCB ePayment) စနစ်ဖြင့် သော်လည်းကောင်း (MPU eCommerce Pay)ဖြင့်လည်းကောင်း မိမိနှစ်သက်ရာနည်းလမ်းဖြင့်ရွေးချယ် ပေးသွင်းနိုင် ပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်။