ဆီနဲ့ ဆီထွက်သီးနှံဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ

Mon, 01/30/2012 - 04:56 -- Anonymous (not verified)

၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၇ မှာ ဆီနဲ့ ဆီထွက်သီးနှံဆိုင်ရာတွေ့ဆုံ ဆွေး နွေးပွဲအခမ်းအနားကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စုပေါင်းခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။  အဲဒီ ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ စားသုံးဆီဟာ ဆန်ပြီးရင် အရေးပါတဲ့ စားသောက်ကုန်ဖြစ်တဲ့ အတွက် စားသုံးဆီဈေးနှုန်းဟာ စား သုံးသူများနဲ့ ပြည်တွင်းထုတ်လုပ်သူ များအကြား မျှမျှတတရှိရန် လိုအပ်ပါ ကြောင်း၊ လုပ်ငန်းများ လုပ်ဆောင်ရာ မှာ ပြည်သူများရဲ့ အကျိုးစီးပွားကို ဖော် ဆောင်ဖို့လိုကြောင်း ပြောကြားပါတယ်။ ပြည်တွင်းဆီထွက်သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးနဲ့သင့်တင့်မျှတ တဲ့ စားသုံးဆီ ဈေးနှုန်းများဖြစ်ရေး၊ ပြည်တွင်းထုတ်လုပ်မှု ပြည်တွင်း စား သုံးဆီလိုအပ်ချက်၊ ပြည်ပ စားအုန်းဆီ တင်သွင်းဖို့ လိုအပ်ချက်နဲ့ ပြည်ပကို  ဆီ ထွက်သီးနှံ တင်ပို့နိုင်မယ့် အလားအလာ များကို ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ် တဲ့ တောင်သူများ၊ ဆီစက်လုပ်ငန်းရှင် များ၊ ဆီစက်လုပ်သားများ၊ စားသုံးသူ အများပြည်သူများရဲ့ ရေရှည်အကျိုးကို မျှော်ကိုးပြီး၊ အကြေအလည် ညှိနှိုင်း ဆွေးနွေးပေးကြဖို့ ယခုဆွေးနွေးပွဲကို ကျင်းပတယ်လို့ ဆိုပါတယ်။
၂၀၁၁ ခုနှစ် ဧပြီလမှာ စားအုန်း ဆီဈေးနှုန်းများ မြင့်တက်ခဲ့တဲ့အတွက် ကုမ္ပဏီအဖွဲ့အစည်းများကို ခေါ်ယူ ညှိနှိုင်းကာပြည်ပမှစားအုန်းဆီများ တင် သွင်းရာမှာ အများပြည်သူ ကျန်းမာရေး ကို ရည်ရွယ်ပြီး၊ စံချိန်စံညွှန်းနဲ့ကိုက်ညီ တဲ့ ဆီအရည်အသွေး ကောင်းများကို သာ တင်သွင်းစေခဲ့ကြောင်း၊ ယခုလို စားအုန်းဆီများ ပြည်ပက တင်သွင်းခွင့် ပြုခဲ့သလို ဆီထွက်သီးနှံ စိုက်ပျိုးတဲ့ တောင်သူများ၊ ဆီစက်လုပ်ငန်းရှင်များ ရဲ့အကျိုးအတွက်ယခင်က ပြည်ပတင်ပို့ ခွင့် မပြုခဲ့တဲ့ နှမ်းနီ၊ နှမ်းညို၊ မြေပဲဆန်၊ မြေပဲဆီနဲ့  နှမ်းဆီများကို ပြည်ပသို့ တင်ပို့ရန် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဒါကြောင့်    ဆီထွက်သီးနှံစိုက်ပျိုးတဲ့ တောင်သူများအနေနဲ့ မိမိတို့ စိုက်ပျိုး ထုတ်လုပ်တဲ့သီးနှံများအပေါ် ဈေးကွက် ရရှိရေး၊ ဈေးကောင်းရရှိရေးတို့ အတွက် ရေရှည်အလားအလာ ကောင်းများ ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်း၊ ဆီစက် ပိုင်ရှင်များအနေနဲ့လည်း နိုင်ငံတကာ အဆင့်မီ၊ အရည်အသွေးမီတဲ့ စားသုံး ဆီများ    ကြိတ်ခွဲထုတ်လုပ်နိုင်ရေး အတွက် ခေတ်မီ ဆီစက်အစိတ်အပိုင်း များ တပ်ဆင်အသုံးပြုခြင်း၊ ခေတ်မီ ဆီစက်များ တည်ဆောက်ခြင်းများကို တစ်ဦးကောင်း   တစ်ယောက်ကောင်း ဆောင်ရွက်ရန်    မတတ်နိုင်ပါက အသင်းအဖွဲ့ပုံစံနဲ့ဖြစ်စေ၊  အချင်းချင်း ပူးပေါင်းပြီးတော့ဖြစ်စေ   ကြိုးပမ်း ဆောင်ရွက်သွားရမှာ    ဖြစ်ကြောင်း၊ တောင်သူလယ်သမားများရဲ့  အထွက် နှုန်း တိုးတက်ရေးနဲ့ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်   လျှော့ချပေးနိုင်ရေး အတွက် မျိုး၊ သွင်းအားစုနဲ့ နည်းပညာ များ ပံ့ပိုးကူညီခြင်း၊ ခေတ်မီလယ်ယာ သုံးစက်ကိရိယာများ သုံးစွဲနိုင်ရေးကူညီ ပေးခြင်း၊စပါးနဲ့ ပဲမျိုးစုံအထူးပြု ကုမ္ပဏီ များကဲ့သို့ဆီထွက်သီးနှံအထူးပြု ကုမ္ပဏီ များ ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် အသင်းအဖွဲ့များ၊ ကုမ္ပဏီအဖွဲ့အစည်း များက အကောင်အထည်ဖော် ဆောင် ရွက်ပေးရမှာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ စိုက်ပျိုးထုတ်လုပ်သူများ၊  ကုန်သည် ပွဲစားများ၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ ပြည်ပတင်ပို့သူများနဲ့ အသင်းအဖွဲ့များ အားလုံးပါဝင်တဲ့   စိုက်ပျိုးထုတ်လုပ် သည်မှ ပြည်တွင်းပြည်ပတင်ပို့ရောင်းချ သည်   အထိ  Supply  Chain  Mechanism တစ်ခုလုံးမှာ ပါဝင်နေသူ များ အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲများပြု လုပ်ပြီး၊ အပြန်အလှန် ညှိနှိုင်းဆောင် ရွက်သွားနိုင်ပါက  ရလဒ်ကောင်းများ ပေါ်ထွက်လာမှာဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါတယ်။
အဆိုပါ   တွေ့ဆုံဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုန် သည် အသင်းအဖွဲ့များ၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ၊ ဆီစက် လုပ် ငန်းရှင်များ၊ ပြည်ပမှ စားအုန်းဆီ တင် သွင်းသူ စာတမ်းရှင်များနဲ့  ဖိတ်ကြား ထားသူများ စုစုပေါင်း ၁၂၆ ဦး တက် ရောက်ခဲ့ကြပြီး ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု၊ ကြိတ်ခွဲထုတ်လုပ်မှု၊ ပြည်ပ တင်ပို့မှု၊ ပြည်ပမှတင်သွင်းမှု၊ ပြည်တွင်း ပြည်ပဈေးကွက်အခြေအနေနဲ့ ဈေးနှုန်း များ၊ ရှေ့အလားအလာများ အပေါ် သုံးသပ်တင်ပြတဲ့ စာတမ်းလေးစောင်ကို တာဝန်ရှိသူများက ဖတ်ကြားတင်သွင်းခဲ့ ပါတယ်။  စားအုန်းဆီ   တင်သွင်းတဲ့ ကုမ္ပဏီများအနေနဲ့ တင်သွင်းမှုကို ရပ် ဆိုင်းခြင်းမပြုဘဲ ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်တဲ့ တောင်သူများအား သွင်း အားစုများ ပံ့ပိုးပေးခြင်း၊ ပြည်ပ ဈေး ကွက် ရှာဖွေတင်ပို့စေခြင်းဖြင့် စိုက်ပျိုး ထွက်ရှိမှုများကို ဈေးနှုန်းဈေးကောင်း ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ယခုဖြစ်ပေါ်နေတဲ့ ကိစ္စရပ်များ အဆင် ပြေ ချောမွေ့သွားနိုင်မယ်လို့ သုံးသပ်ကြ ပါတယ်။
အဲဒီဆွေးနွေးပွဲမှ ဆောင်ရွက်သင့် တဲ့အချက်များကို အောက်မှာ ဖော်ပြ ထားတဲ့အတိုင်း ဖော်ထုတ်ခဲ့ကြပါတယ်

  • စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီ များမှ ဆီထွက်သီးနှံစိုက်ပျိုးတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးများကို ကွင်းဆင်းပြီး အဓိကကျတဲ့ ပြည်နယ်နဲ့  တိုင်းဒေသကြီးများမှာ အထူးပြုကုမ္ပဏီများကဲ့သို့ ဖွဲ့စည်း ပြီး၊    သွင်းအားစုများပေးခြင်း၊ Contract  Farming  စိုက်ပျိုး ခြင်းဖြင့် သီးနှံအထွက်တိုးအောင် ဆောင်ရွက်ပေးခြင်း။
  • စိုက်ပျိုးထွက်ရှိတဲ့ ဆီထွက်သီးနှံ များအား ဆီစက်လုပ်ငန်းရှင်များနဲ့ ညှိနှိုင်းကြိတ်ခွဲကာ ပြည်တွင်းဈေး ကွက်နဲ့ ပြည်ပဈေးကွက်များကို တင်ပို့ရောင်းချရာမှာ ကုန်ကြမ်း အတိုင်း  တင်ပို့ရောင်းချခြင်းနဲ့ ကုန်ချောတင်ပို့ခြင်းကိုလည်း ဈေး ကွက်ဝင် အရည်အသွေးမီ တင်ပို့ ရောင်းချသွားရန်။
  •  ဈေးကွက် အနေအထားပေါ် မူ တည်ပြီး ပဲမျိုးစုံ၊ နှမ်းများအား ပြည်ပသို့ တင်ပို့ရောင်းချခြင်းနဲ့ စားအုန်းဆီ တင်သွင်းခြင်းတို့ကို ညှိနှိုင်းဆောင်ရွက်သွားရန်။
  • စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီများမှ ဆီကန်များ ဆောက်လုပ်ပြီး အရန်ဆီသိုလှောင်ထားရှိရန်။
  •  မြေပဲဆီ၊ နှမ်းဆီများ ဈေးကွက်ကို ရောင်းချရာမှာ စားအုန်းဆီရော နှော ပါဝင်ပါက ပါဝင်မှုအချိုးများ ဖော်ပြပြီး ဈေးနှုန်း  သတ်မှတ် ရောင်းချရန်။
  •  စားအုန်းဆီ တင်သွင်းမှုအား ဆီ စက် ပိုင်ရှင်များနဲ့ ရာသီဥတုနဲ့ စိုက်ပျိုးထုတ်လုပ်မှုအပေါ်မူတည် ပြီး တင်သွင်းမှုကို ညှိနှိုင်းတင်သွင်း စေရန် (ဥပမာ ဆန်စပါး တင်ပို့ ရောင်းချမှုပုံစံ)။
  • စားသုံးဆီများအား  နိုင်ငံတကာ အဆင့်မီ စံချိန်စံညွှန်းများအတိုင်း ကြိတ်ခွဲ ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီ စက်အစိတ်အပိုင်းများ တပ်ဆင်ခြင်း၊ ခေတ်မီစက်များ တည်ဆောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်။
  • စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် (Cost  of  Porduction) လျှော့ ချနိုင်ရေးအတွက် မျိုး၊ သွင်းအားစု နဲ့ နည်းပညာများ၊ တောင်သူများ သို့ လိုအပ်တဲ့ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ရန်။       

နီလာစိုး