ဆဋ္ဌမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးပူးတွဲကော်မရှင် အစည်းအဝေး ကျင်းပပြုလုပ်

Mon, 11/19/2012 - 09:27 -- Anonymous (not verified)

ဆဋ္ဌမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ၂၀၁၂ခုနှစ်၊ နိုင်ဝင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာပွင့်ဆန်း ခေါင်းဆောင်သည့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ် ၁၅ ဦးတို့ ပါဝင် တက်ရောက်ခဲ့ ကြပါသည်။ အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဒေါက်တာပွင့်ဆန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  Secretary ဖြစ်သူ H.E. Mr. Mahbub Ahmed တို့က ဦးဆောင်ဆွေးနွေး ခဲ့ကြပါသည်။ အစည်းအဝေးတွင် နယ်စပ် ကုန်သွယ်ရေးကိစ္စ၊ ပို့ကုန်တိုးချဲ့တင်ပို့ရေးကိစ္စ၊ ကုန်သွယ်မှု လျင် မြန်ချောမွေ့စေရေး ကိစ္စ၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။
ထို့အပြင် ဒုတိယဝန်ကြီးခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်တွင် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးံ H.E. Mr. Ghulam Muhammed Quader အား
သွားရောက်တွေ့ဆုံကာ နှစ်နိုင်ငံ ကုန်သွယ်မှု ဆိုင်ရာကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။