ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့် တို့ ဖြစ်သည်။

   ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပို့ကုန် တန်ချိန် (၁၃၅၉၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၄.၈၄၆)သန်း၊ သွင်းကုန်တန်ချိန် (၄၂၇)၊ U (၄၀၆)၊ BBL (၃၁၃၀)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၅၈၄)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄၃၀ သန်း ဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ဖြစ်ကြောင်း သိရှိရသည်။

 

    ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ ဇန်နဝါရီလ (၂၁) ရက်နေ့အထိ ပို့ကုန်မှ (၇.၂၀၉) ဒေါ်လာသန်းနှင့် သွင်းကုန်မှ (၁.၂၄၂) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၈.၄၅၁) ဒေါ်လာသန်းရရှိခဲ့သည်။ဇန်နဝါရီလကုန်သွယ်မှုလျာထားချက် (၂၀.၀၀) ဒေါ်လာသန်းအပေါ် (၄၂%)သာဆောင်ရွက်နိုင်ခဲ့သည်။

   ယခုရက်ပိုင်းသည် တစ်ဖက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးရက်ဖြစ်သဖြင့် ကုန်သည်လုပ်ငန်းရှင်များမှ ဇန်နဝါရီ (၂၀) ရက်နေ့မှစပြီး ပို့ကုန်ကားများ တစ်ဖက်နိုင်ငံသို့ တင်ပို့မှုမရှိသော်လည်း၊ တစ်ဖက်နိုင်ငံမှ ဝင်ရောက်ပြီး သွင်းကုန်လက်ကျန်ကားများ တင်သွင်းလျက်ရှိသည်။

   ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ အဓိကကုန်သွယ်မှုတန်ဖိုးမြင့်တက်ရရှိရေးမှာ မိမိတို့ဒေသထွက် ပို့ကုန်များ တစ်ဖက်နိုင်ငံသို့တင်ပို့ခြင်းမှ ရရှိနေခြင်းကြောင့်ဖြစ်ပြီး ယခုရာသီသည် တစ်သျှူးငှက်ပျော ထွက်ရှိလာသည့်ကာလဖြစ်သဖြင့် တရုတ်နှစ်သစ်ကူးကာလ ကျော်လွန်ပါက တစ်သျှူးငှက်ပျောတင်ပို့မှုတိုးတက်လာနိုင် သည်။

        ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုသီတင်းပတ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့မှ (၂၀)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၉.၆၂၄)ဒေါ်လာသန်း၊ သွင်းကုန် (၆.၄၅၁) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၁၆.၀၇၅) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန်ယာဉ် (၁၉၇၈)စီး၊ သွင်းကုန်ယာဉ် (၇၀၅)စီး ဆောင်ရွက်နိုင်ခဲ့သည်။

          အဓိကပို့ကုန်ဖြစ်သည့် ဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊  ပဲယင်း၊ မြေပဲဆံ၊  နှမ်းနက်၊ နှမ်းဖြူ၊ ချင်း(စို)၊ ဝါ၊ ကြံတင်ပို့မှုပိုမိုခဲ့သောကြောင့် ပို့ကုန်ပိုင်းတွင် ယခင်သီတင်းပတ်ထက် (၃.၉၂၃)ဒေါ်လာသန်း ပိုမိုခဲ့ သည်။ သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စု ပိုမိုခဲ့ပြီး လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုနှင့် လူသုံး  အုပ်စုတွင် လျော့နည်းခဲ့ခြင်းကြောင့် ယခင်သီတင်းပတ်ထက် (၂.၆၃၉) ဒေါ်လာသန်း လျော့နည်းခဲ့သော်လည်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁.၂၈၄) ဒေါ်လာသန်း ပိုမိုခဲ့ သည်။

          ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်နေ့မှ (၂၀)ရက်နေ့အထိ လုပ်ငန်းဆောင် ရွက်မှုမှာပို့ကုန် (၃.၁၅၈) ဒေါ်လာသန်း၊ သွင်းကုန် (၀.၈၉၂) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၄.၀၅၀) ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန်(၆.၄၆၆)‌ ဒေါ်လာသန်း ပိုမိုခဲ့ပြီး သွင်းကုန် တွင်(၅.၅၅၉) ဒေါ်လာသန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၁၂.၀၂၅) ဒေါ်လာသန်း ပိုမို ဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါကပို့ကုန်ပိုင်းတွင် ဆန်ကွဲ၊ ပဲလွန်းဖြူ၊ ပြောင်း၊ ပဲယင်း၊ မြေပဲဆံ၊ နှမ်းညို၊ နှမ်းဖြူ၊ နှမ်းနက်၊ နှံစားပြောင်း၊ ကြံ၊ ချင်း(အစို)၊ ဝါ၊ ရော်ဘာတို့ ပိုမိုတင်ပို့နိုင်ခဲ့ပြီးသွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်အုပ်စုတို့တွင်ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ ပိုမိုခဲ့သည်။

                                                                                                                                                                   ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

          ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှစ်နိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့သော ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) အရမြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံးဆန်(အဖြူ) တန်ချိန်(၂၅၀၀၀၀)ထိနှင့် ပေါင်းဆန် တန်ချိန်(၅၀၀၀၀)ထိတို့အား တင်ပို့ရောင်းချနိုင်မည် ဖြစ်သည်။ ဆန်တင်ပို့ရောင်းချနိုင်မည့် ကာလမှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိဖြစ်ကြောင်းလည်း သိရှိရသည်။

          အဆိုပါ နှစ်နိုင်ငံအကြားချုပ်ဆိုထားသော ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာ ချွန်လွှာအရ ယခုအပတ်အတွင်း စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ တက္ကနဗ်မြို့ ဆိပ်ကမ်းသို့ ဆန်(အဖြူ)တန်ချိန် (၂၅၀၀)တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာသန်း (၁) သန်းဖိုး တင်ပို့နိုင်ခဲ့သည်။

     ရခိုင်ငှက်ပျောကို မောတောင်မြို့ဒေသဝန်းကျင်တွင် အများအပြားစိုက်ပျိုးကြပြီး ယခုရာသီသည် ရခိုင်ငှက်ပျော လှိုင်လှိုင်ထွက်ရှိသောကာလဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ နှစ်ပတ်တာ ကာလအတွင်း မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ ဘက်သို့ ရခိုင်ငှက်ပျောတန်(၂၀၀) ဝန်းကျင်ခန့် တင်ပို့နိုင်ခဲ့သည်။

လက်ရှိပေါက်​ဈေးအနေဖြင့် ရခိုင်ငှက်ပျော (1 KG) လျှင် (၆)ဘတ် ဈေးရရှိပြီး တင်ပို့သူများအနေဖြင့် အကောက်ခွန်သက်သာခွင့်အကျိုးခံစားခွင့်(Form-D) ဖြင့်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

Pages