ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့် တို့ ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပို့ကုန် တန်ချိန် (၉၈၇၂)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၁.၁၀၂)သန်း၊ သွင်းကုန်တန်ချိန် (၅၉)၊ U (၄၀၆)၊ BBL (၈၈၀)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၁၆၃)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂၆၅ သန်း ဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့

         မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တစ်နှစ်လုံးလျာထားချက် ပို့ကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၅၀၀) ဒေါ်လာသန်း အပေါ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ (၂၀၂၂ ခုနှစ်၊ ဧပြီလမှ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလပထမတစ်ပတ် ထိ) ပို့ကုန် (၁၂.၃၉၄) ဒေါ်လာသန်း၊သွင်းကုန် (၀.၀၃၉) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁၂.၄၃၃) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။ တစ်နှစ်ပတ်လုံးလျာထားချက်အပေါ် (၁၀၈)% ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။

       ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိသည်။ ၁၇-၁-၂၀၂၃ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် ( ၃၂ )စောင် (၀.၅၈၆)ယွမ်သန်းတန်ဖိုးရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပန်းသီးနှင့် လိမ္မော်သီး အစရှိသည်တို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ( ၁ )ရက်နေ့မှ  (၁၇)ရက်နေ့ထိ ပို့ကုန်လိုင်စင် ( ၁ )စောင်နှင့် သွင်းကုန်လိုင်စင် ( ၄၁၅ )စောင် ခွင့်ပြုထုတ်ပေးခဲ့သည်။ (၁၇-၁-၂၀၂၃)ရက်နေ့တွင် အများဆုံးပို့ကုန် ပစ္စည်းများမှာ ဆန်ကွဲ၊ ကဏန်း၊ ဖရဲသီး၊ ငါးရှဉ့်၊ ကြံ၊ ပဲတီစိမ်း၊ သခွားမွှေး၊ ဆန်၊ ပြောင်းတို့ဖြစ်ပြီး အများဆုံးသွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့်ယာဉ်ယန္တရားများ၊ ရုပ်မြင်သံကြားစက်၊ အချိုမှုန့်၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ လယ်ယာလုပ်ငန်းသုံးထွန်စက်၊ စက္ကူလိပ်၊ ဘက္ထရီအကြီး၊ ပြည်တွင်း တပ်ဆင်ရေး လုပ်ငန်းတွင်အသုံးပြုသော SKDစနစ်ဖြင့်တင်သွင်းသည့် ဆိုင်ကယ်အင်ဂျင်(MIC)တို့ဖြစ်သည်။

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေး သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။ ၁၇-၁-၂၀၂၃ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ (၅၀) စောင် ဖြစ်ပြီး  ကဏန်း (၁၂)စောင်၊ ငါးရှဉ့် (၄)စောင်၊ ဆန်ကွဲ (၁၃)စောင်၊ ငါးမျိုးစုံ (၁)စောင်၊ ကြံ (၁၆)စောင်၊ ဝါ ( ၁ )စောင်၊ ဖရုံသီး ( ၂ )စောင်၊ ဂျင်းခြောက် ( ၁ )စောင်တို့အားခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ Form E (၆၀၅) စောင်ထုတ်ပေးခဲ့သည်။

          ၁၇-၁-၂၀၂၃ ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ ( ၂၅၄ )စီး၊ သွင်းကုန်ယာဉ်စီးရေ ( ၇၉ )စီး စုစုပေါင်း (၃၃၃)စီး ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ဆန်ကွဲ၊ ကဏန်း၊ ဖရဲသီး၊ ငါးရှဉ့်၊ ကြံ၊ ပဲတီစိမ်း၊ သခွားမွှေး၊ ဆန်၊ ပြောင်းအစရှိသည့် ပို့ကုန်ပစ္စည်းများတင်ပို့လျက်ရှိသည်။ (၁-၁-၂၀၂၃ မှ၁၇-၁-၂၀၂၃) ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ (၃၇၁၄)စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၄၂၂)စီး ကုန်သွယ်မှုဆောင်ရွက်နိုင် ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးများ ဖြင့်ဆောင်ရွက်လျက်ရှိသည်။ ပဲ၊ ပြောင်း၊ နှမ်း ၊ မြေပဲဆံ တို့ကို ဒေါ်လာငွေကြေး အပြင် ယွမ်ငွေကြေးဖြင့် ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်း ဈေးနှုန်းမှာ (၁)တန်လျှင် (၄၉၆၀-၅၄၆၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၂၅၀-၂၃၀၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၈၅၀၀-၁၀၅၀၀)ယွမ်၊ နှမ်းဖြူ (၁)တန်လျှင် (၉၀၀၀-၁၀၀၀၀)ယွမ် ၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဆန် (ဧည့်မထ) ၂၅% (၁) တန်လျှင် (၂၂၈၀) ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀) ယွမ်၊ ရာဘာ RSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်းတစ်ဖက်နိုင်ငံ ဝယ်ယူသည့် ကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်သည်။

      ကမ္ဘာ့ဘဏ်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဘူတန်နိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်အသစ် ဖြစ်သော Mr.AbdoulayeSeck သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးခဲ့ပြီး စီးပွားရေးတွင် ဘက်ပေါင်းစုံမှ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သဖြင့်  ကမ္ဘာ့ချန်ပီယံအဖြစ် သတ်မှတ်သင့်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Dhaka Tribune သတင်းတွင် ဖော်ပြထားသည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်  စီးပွားရေးဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် GDP တိုးတက်မှုရရှိ လာစေရေး၊ ဆင်းရဲမွဲတေမှုနှုန်းလျှော့ချရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုမြှင့်တင်ရေးနှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးစသည်တို့တွင် ကြိုးစားဆောင်ရွက်ထား သည်ကိုတွေ့ရှိရပါကြောင်း ၎င်းကပြောကြားခဲ့သည်။ ၎င်း၏အတွင်းရေးမှူးရုံးတွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး Mr. AHM Mustafa Kamal နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

   ယခုနှစ်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးစွမ်းရည်သည် အာရှရှိအခြားနိုင်ငံများနှင့် ယှဉ်လျှင် ပိုမိုကောင်းမွန်သည်ဟု Seck က ယူဆပါကြောင်းပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးများဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်သည် အရေးပါသောမိတ်ဖက် များထဲမှ တစ်ခုဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ဘင်္ဂလားဒေ့ရှ်တွင် မြစ်ကြောင်း နှင့် မြစ်ကြောင်းအခြေခံစီးပွားရေးအစရှိသည့် အရေးကြီးသောကဏ္ဍများတွင် များစွာလုပ်ဆောင် ခဲ့ပါ ကြောင်း ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးကပြောကြားခဲ့သည်။

    ဆက်လက်၍ Kamal က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အရေးကြီးပရောဂျက်အချို့ကို ဆောင်ရွက် ပေးရန် ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာအား တောင်းဆိုခဲ့ပြီးမြို့တော်အနှံ့ မြစ်ကြောင်းများသွားလာ နိုင်မှုရှိစေရန်နှင့် မြို့တော်၏သာယာလှပရေး မြှင့်တင်ရေးအတွက် "Beautification of Dhaka" ပရောဂျက်အတွက်  ရန်ပုံငွေဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါကြောင်း ရေးသားဖော် ပြ ထားသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဘင်္ဂလားဒေ့ရှ့်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဒေသမှ တဆင့်ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန် သွယ်ရေးစခန်းတို့မှတဆင့် တဖက်နိုင်ငံတက္ကနဗ်မြို့သို့ ကုန်စည်များတင်ပို့/တင်သွင်း လျက်ရှိ သည်။ 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်သို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် စဉ်ဆက်မပြတ်တင်ပို့လျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်မှ ပို့ကုန်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံ သို့ တင်ပို့လျက်ရှိသည်။

သို့ရာတွင် ယခုကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်မှ တင်သွင်းမှု နည်းပါးခဲ့ပြီး တင်ပိုမှု့သာရှိခဲ့ရာ ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှ မန်ကျည်းစေ့၊ ဆီးဖတ်၊ ချင်း(အစို)နှင့် စစ်တုံဥတို့ကို ဆက်တိုက်ဝယ်ယူလျက်ရှိသည်။ ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်း စစ်တွေကုန် သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်သို့ မန်ကျည်းစေ့ (၁၂၈၆) တန် အမေရိကန် ဒေါ်လာ သန်း(.၀၇၀၇)သန်း၊ ဆီးဖတ် (၁၄၃) တန် အမေရိကန်ဒေါ်လာသန်း (၀.၀၁၆၄)သန်း၊ ချင်း (အစို)(၄၄၁)တန် အမေရိကန်ဒေါ်လာသန်း (၀.၁၉၈၅) သန်းနှင့် စစ်တုံဥ ( ၅၇၇ ) တန် အမေရိ ကန်ဒေါ်လာသန်း(၀.၀၆၀၆)သန်းတန်ဖိုး တင်ပို့ခဲ့ပြီး ဖြစ်ပါသည်။ ၎င်းတို့၏ တစ်ကီလိုဂရမ် ပျမ်းမျှပေါက်ဈေးမှာ မန်ကျည်းစေ့ ( .၀၅၅) ဒေါ်လာ၊ ဆီးဖတ် (.၁၁၅) ဒေါ်လာ၊ ချင်း(အစို)   ( .၄၅ ) ဒေါ်လာနှင့် စစ်တုံဥ (.၁၀၅ ) ဒေါ်လာဖြစ်ကြောင်း သိရှိရသည်။

Pages