၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်

တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်ဇန်နဝါရီ (၁၁)ရက်နေ့မှ (၁၅)ရက်နေ့ အထိ ကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်အနေဖြင့် စီးကရက် တန်ချိန် (၃၅.၇၃၁)တန်၊ တန်ဖိုး(၀.၁၄၇)၊ နန့်ဖာလုံကုန်စုံ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်း၊ CMP ဖိနပ် (၆၀၀၀၀) PR၊ တန်ဖိုး (၀.၁၈၀) ဒေါ်လာသန်း ၊ ကွမ်းသီး တန်ချိန် (၂၈.၈၀၀) တန်၊ တန်ဖိုး(၀.၀၂၅) ဒေါ်လာသန်း စုစုပေါင်းပို့ကုန် တန်ဖိုး(၀.၄၀၁) ဒေါ်လာသန်း တင်ပို့ နိုင်ခဲ့ပါသည်။ သွင်းကုန်ပိုင်းတွင် ဓာတ်မြေဩဇာ တန်ချိန် (၁၃၃၀.၀၀)တန် ၊ တန်ဖိုး (၀.၃၇၀)၊ဆံပင် တန်ချိန် (၇.၀၂၀)တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ စုစုပေါင်း သွင်းကုန်တန်ဖိုး (၀.၃၉၇)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။ ကုန်သွယ်မှုပမာဏ စုစုပေါင်းတန်ဖိုး(၀.၇၉၈)ဒေါ်လာသန်းကုန်သွယ်မှုပြုနိုင်ခဲ့ပါသည်။

            ဇန်နဝါရီလ (၁၆)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ဒေါ်လာ(၂၆၀၀) ကျပ်၊ ၁ဒေါ်လာ (၈၁.၂၆) ရူပီး၊ ၁ရူပီး(၃၂)ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီးဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

            တမူးမြို့၏အခြေခံစားသုံးကုန်စျေးနှုန်းများမှာဧည့်မထဆန်တစ်အိတ် (၄၉၅၀၀) ကျပ် ၊ ပေါ်ဆန်းမွှေးတစ်အိတ် (၁၀၅၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာ (၁၂၀၀၀) ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ကြက်ဥ (၁) လုံး (၂၅၀) ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာ (၆၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၅၀၀၀) ကျပ် ၊ ငရုတ်သီး တစ်ပိဿာ (၁၉၅၀၀) ကျပ် ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

             ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ အိန္ဒိယနိုင်ငံဖက်မှ၂၀၂၀ မတ်လ၁၀ရက်မှ စ၍ ယနေ့ထိဂိတ်ပိတ်ထားဆဲဖြစ်ကြောင်းသိရှိရပြီးလုံခြုံရေးအခြေအနေနှင့်လမ်းပန်းဆက်သွယ်မှုအခြေအနေမှာ ပုံမှန်ကူးသန်းသွားလာရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့် တို့ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပို့ကုန် တန်ချိန် (၆၆၄၂)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈.၂၇၇)သန်း၊ သွင်းကုန်တန်ချိန် (၄၄)၊ U (၄၀၆)၊ BBL (၈၈၀)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၁၄၉)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၂၆ သန်း ဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် ၊ဇန်နဝါရီလ ၁၂ ရက်

စစ်တွေကုန်သွယ်ရေးစခန်းတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင်  ပို့ကုန် (၁.၁၈၃) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၁၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၁၉၈) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၂.၈၇၇) ဒေါ်လာသန်း၊ သွင်းကုန် (၃.၉၆၆) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၆.၈၄၃) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ပို့ကုန်တင်ပို့နိုင်မှုသည် မနှစ်ကကာလတူထက် (၁.၆၉၄) ဒေါ်လာသန်း လျော့နည်း ရခြင်းမှာ ယခုနှစ်ဒီဇင်ဘာလတွင် လယ်ယာထွက်အုပ်စုနှင့် ရေထွက်အုပ်စုတို့ တင်ပို့မှု လျော့နည်း ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါသည်။

          ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ သွင်းကုန်တင်သွင်းနိုင်မှု အခြေအနေများအား နှိုင်းယှဉ်ရာတွင် ယခင်နှစ် ကာလတူထက် အမှန်တင်သွင်းမှု (၃.၉၅၁) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။ ယင်းသို့ လျော့နည်းခဲ့ခြင်းမှာ ယခင်နှစ် ဒီဇင်ဘာလတွင် MOGE မှ တင်သွင်းသော ရေနံတွင်းသုံးပစ္စည်များ  ပိုမိုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

          ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ နှင့် အနီးစပ်ဆုံးကာလ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၏ အမှန် ပို့ကုန် (၁.၃၁၆) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၉၇) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၄၁၃) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ နှင့် အနီးစပ်ဆုံးကာလ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ တို့၏ အမှန်တင်ပို့၊ နှိုင်းယှဉ်ရာတွင် အနီးစပ်ဆုံးကာလထက် ပို့ကုန်ပိုင်းတွင် (၀.၁၃၃) ဒေါ်လာသန်း လျော့နည်းခဲ့ ပါသည်။

          ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အနီးစပ်ဆုံးနိုဝင်ဘာ ကာလထက် သွင်းကုန်ပိုင်းတွင် (၀.၀၈၂) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

          ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ကုန်သွယ်မှုပမာဏလျာထားချက်မှာ (၇.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၇.၇၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၄.၇၃၀) ဖြစ်ပြီး ဒီဇင်ဘာလ (အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁.၁၈၃) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၁၅) ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ (၁.၁၉၈) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ အမှန်တင်ပို့၊ တင်သွင်းဆောင်ရွက်နိုင်မှု အား အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ရာတွင် ပို့ကုန်ပိုင်းတွင် (၀.၁၃၃) ဒေါ်လာသန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် (၀.၀၈၂) ဒေါ်လာသန်း လျော့နည်းခဲ့ခြင်းကြောင့် အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပမာဏ (၀.၂၁၅) ဒေါ်လာသန်းလျော့နည်းခဲ့ပါသည်။ ကုန်သွယ်မှုလွယ်ကူ လျင်မြန်ချော မွေ့စေပြီး ကုန်သွယ်မှုပမာဏများ တိုးတက်လာစေရေးအတွက် သက်ဆိုင်ရာ OSS အဖွဲ့ဝင်ဌာနများ၊ အခြားဆက်စပ်ဌာနများ၊ ကုန်သည်အသင်းတာဝန်ရှိသူများနှင့် ကုန်သည်လုပ်ငန်းရှင်များ၊ ကိုယ်စား လှယ်များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျှက်ရှိပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

 

၂၀၂၃ ခုနှစ် ၊ဇန်နဝါရီလ ၁၂ ရက်

ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန်မှုရှိခြင်းသည် ကုန်စည်ကူးသန်းရောင်းဝယ်မှုတွင် အရေးပါ သည့်အချက်တစ်ခုဖြစ်ပါသည်။ကုန်သွယ်မှုပြုရာတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းကြောင့် လည်းကောင်း၊ ယာဉ်ကြောပိတ်ဆို့မှုများကြောင့်လည်းကောင်း ကုန်ပစ္စည်းများအချိန်မီမရောက် ရှိသဖြင့် တင်ပို့ကုန်ပစ္စည်းများအရည်အသွေးကျဆင်းနိုင်ခြင်း၊ ပြည်ပပို့ကုန်ဈေးကောင်း မရနိုင် ခြင်းများကြောင့် ကုန်သွယ်မှုသွက်လက်မြန်ဆန်မှုမရှိနိုင်မှုများ ဖြစ်ပေါ်နိုင်ပါသည်။ ယခုအခါ ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ အလေးထားဆောင် ရွက်ပေးလျက်ရှိသဖြင့် လုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်ပစ္စည်းတင်ပို့ တင်သွင်းခြင်းလုပ်ငန်း များကို ကုန်သွယ်မှုလမ်းကြောင်းများမှတစ်ဆင့် ပိုမိုဆောင်ရွက်လာကြပါသည်။ နယ်စပ်ဒေသ များမှာလည်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် ပို့ကုန်များတိုးချဲ့တင်ပို့နိုင်ရေးအတွက် ကုန်သည်အသင်းများ၊ လုပ်ငန်းရှင်များ၊ စိုက်ပျိုးထုတ်လုပ်တောင်သူများ၏ ကုန်သွယ်မှုနဲ့ ပတ်သက်သည့်လိုလားချက်များ၊ အခက်အခဲများအား ကုန်သွယ်ရေးစခန်းအသီးသီးမှ ရှင်းလင်း ချပြဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်သည်လုပ်ငန်းရှင်များနှင့် အမြဲထိတွေ့လျက် ကုန်သွယ် မှုလျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှုတိုးမြှင့်စေရေးတို့အတွက် ဆွေးနွေးဆောင် ရွက်ခြင်းဖြင့် နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေတိုးတက်ရေးကို ကုန်သွယ်မှုကဏ္ဍတစ်ရပ်အဖြစ် တစ်ဖက်တစ်လှမ်းကနယ်စပ်ကုန်သွယ်မှုမှ ဆောင်ရွက်လျက်ရှိပါကြောင်းဖော်ပြလိုက်ရပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

ကန်ပိုက်တီကုန်သွယ်ရေးစခန်းတွင် အဓိကတင်ပို့လျက်ရှိသော တစ်သျှူးငှက်ပျောများအား စနစ်တကျထုပ်ပိုးတင်ပို့နိုင်ရန်အတွက် ထုပ်ပိုးပစ္စည်းများအား တစ်ဖက်တရုတ်နိုင်ငံမှ ယာယီစနစ် (Temporary Admission) ဖြင့် တင်သွင်းလျက်ရှိရာ တစ်ရက်လျှင်ပျမ်းမျှယာဉ်စီးရေ (၃၅ စီးမှ ၄၀ စီး) ခန့်အထိ တင်သွင်းလျက်ရှိပါသည်။ အဆိုပါ ထုတ်ပိုးပစ္စည်းများသည် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးလျက်ရှိသော တစ်သျှူးငှက်ပျောများအား အရည်အသွေးကျဆင်းမှုမရှိအောင် စနစ်တကျ ထုပ်ပိုးတင်ပို့နိုင်ရန်ဖြစ်ပါသည်။  ယခုတစ်ပတ်အတွင်း တစ်ရက်ထက်တစ်ရက် ယာယီထုပ်ပိုး ပစ္စည်းများ ပိုမိုတင်သွင်းလာကြောင်းတွေ့ရှိမှုအရ တစ်သျှူးငှက်ပျောများ ယခုရာသီအတွင်း ပိုမို တင်ပို့လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။

Pages