မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို တင်ပို့လျက်ရှိရာအပတ်စဉ် လယ်ယာထွက်ကုန်များဆက်တိုက် တင်ပို့လျက်ရှိပါသည်။

    စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် လယ်ယာထွက် ကုန်အများစုမှာ မန်ကျည်းစေ့၊ မန်ကျည်းဖတ်၊ ဆီးဖတ်၊ ကြက်သွန်နီ၊ ချင်းအစို၊ ဆီးသီး ခြောက်၊ စစ်တုံဥ၊ အုန်းသီး၊ အုန်းသီးခြောက် တို့ကိုတင်ပို့လျက်ရှိပါသည်။

    ယခုသီတင်းပတ်အတွင်း စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၄၂၅)သန်း တင်ပို့ရောင်းချခဲ့သည့်အနက် လယ်ယာထွက် ကုန်တန်ဖိုး (၀.၂၀၉) ဒေါ်လာသန်းဖိုး တင်ပို့ရောင်းချခဲ့ပါသည်။ တင်ပို့ခဲ့သည့် လယ်ယာ ထွက်ကုန် များမှာ ချင်းအစို၊ မန်ကျည်းစေ့၊ မန်ကျည်းဖတ်၊ ဆီးဖတ်၊ ဆီးသီးခြောက်၊ စစ်တုံဥ၊ အုန်းသီးခြောက်တို့ တင်ပို့ခဲ့ပါသည်။ အခြားတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ ငါးမြစ်ချင်း နှင့် ဆီးယိုထုပ် တို့ဖြစ်ပါသည်။

    ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၀၄၄)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၂.၈၃၃)သန်း၊ သွင်းကုန်တန်ချိန် (၄၅၃)၊ (-) U၊ (၂၅၇၅) BBL၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ (၀.၄၂၅)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၅၈ သန်း ဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်း၊ အုန်းဖက် အက်ဆစ်တို့ဖြစ်ပြီး၊  အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်း၊ အုန်းဖက် အက်ဆစ်တို့ဖြစ်ပြီး၊  အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ

 

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၅-၂-၂၀၂၃)ရက်နေ့မှ(၆-၂-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများမှာပီလောပီနံ၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ မြေပဲ၊ ဆန်မှုန့်၊ ပြောင်းဖူးစေ့၊ ကြက် သွန်နီ၊ ဆန်ကွဲနှင့် မန်ကျည်းသီး၊ ပျားရည်၊ ကွမ်းရွက်၊ ဇီယာစေ့၊ နွယ်ချိုအခြောက်၊ နနွင်း၊ သစ်ကြံပိုးခေါက် တို့ဖြစ်ပါသည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ကဏန်း၊ ငါးတီး၊ အုန်းငါးမုတ်၊ ပုစွန်၊ ကျောက်ငါး၊ ငါး သလောက်၊ ကကူယံ၊ ငါးခွေးလျှာ၊ ငါးပါးနီ၊ ငါးပိ၊ ငါးဓါးလွယ်တို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုး သမီးဝတ် အထည် အလိပ်များ တင်ပို့လျက်ရှိသည်။

          အများပို့ကုန်ပစ္စည်းများအနေဖြင့် ဖြတ်စ(အလူမီနီယံဘူးခွံ)၊ ရေထွက်ကုန်ပစ္စည်း၊ ပီလောပီနံ၊ ငရုတ်၊ CMP ၊ မြေပဲ၊ Transformer Main ၊ ခဲသတ္ထု၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ ငါးပိ၊ မန်ကျည်းသီး၊ ပြောင်းဖူးစေ့၊ ဆေးလိပ် နှင့် အခြားကုန်ပစ္စည်းတို့ဖြစ်ပါသည်။ ယခုအခါထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာအသုံးပြုလာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန်လိုအပ် ခြင်းကြောင့် ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

          အများဆုံးပို့ကုန်ပစ္စည်းများဖြစ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန် နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ပေးလျက်ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ငါးမျှားတံ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ စားသောက် ကုန်၊ ဖိနပ်၊ ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment ၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ ဆေး၊ Packing Materials၊ သုတ်ဆေး၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ စက်လှေကား(အဟောင်း)၊ အားကစားပစ္စည်း၊ လယ်ထွန်စက်၊ စက်ဆီ၊ ချောဆီတို့ တင်သွင်းလျက်ရှိသည်။

          အများဆုံးသွင်းကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ စက်မှုကုန်ကြမ်းပစ္စည်း၊ ငါးမျှားတံ၊ လျှပ်စစ်ပစ္စည်း၊ Garment ၊ သုတ်ဆေး၊ စက်ရုံသုံးပစ္စည်း၊ ဖိနပ်နှင့်ဖိနပ်အပိုပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဘီး၊ သစ်သီး၊ အခြားကုန်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ထုပ်ပိုးပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ကားအပိုပစ္စည်း၊ ယာဉ်နှင့်ယန္တရားအပိုပစ္စည်း၊ အလှကုန်ပစ္စည်း၊ တိရိစ္ဆာန်အစာ၊ ဆေး၊ စာရေးကိရိယာတို့ ဖြစ်သည်။

          (၅-၁-၂၀၂၃)ရက်နေ့မှစ၍ ကုန်သွယ်မှုလမ်းကြောင်းပုံမှန်ဖြစ်ပေါ်လာပြီး တင်သွင်းဆောင်ရွက်မှုများ ရှိလာသည်။ ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(၈၆.၂၀)ကျပ်ထိရှိခဲ့ပြီး ယခုအပတ်တွင် (၈၅.၁၀)ကျပ်ခန့်အထိ အနည်းငယ်ကျလာသဖြင့် သွင်းကုန်များ ပိုမိုတင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

       တာချီလိတ်ကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် လိမ္မော်သီး၊ ကော်ဖီစေ့ နှင့် လက်ဖက်ခြောက်များကိုလည်းကောင်း၊ ရေထွက်ပစ္စည်းများဖြစ်သည့် ပုစွန်ဖွဲနှင့် ကတ္ထူစက္ကူ အဟောင်းများ၊ ပလပ်စတစ်ဘူးခွံအဟောင်းများကို တင်ပို့လျက်ရှိပါသည်။ အများ ဆုံးပို့ကုန် အနေဖြင့် ပြောင်းများအားတစ်ဖက်ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ရရှိရေး အတွက် Form D အကျိုးခံစားခွင့်ဖြင့် တင်ပို့လျှက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလပထမပတ်တွင် ပြောင်း တန်ချိန် (၁၆၅)တန်၊ တန်ဖိုး (၁၇၃၃၇၇၈) ဘတ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ငွေလဲနှုန်းအနေဖြင့် ယခုအပတ်တွင် ကျပ်ငွေ (၁)သိန်း လျှင် (၁၁၅၅) ဘတ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရ ပါသည်။

     တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း များနှင့်လူသုံးကုန်ပစ္စည်းများအား တင်သွင်းလျက်ရှိပါသည်။ အများဆုံးသွင်းကုန်အနေဖြင့် ဒေသ တွင်းသုံးစွဲရန် လိုအပ်သောဘိလပ်မြေနှင့် စက်သုံးဆီတို့ကိုအများဆုံးတင်သွင်းပါသည်။ ဘိလပ် မြေ၊ လယ်ယာထွန်စက်၊ သွပ်ပြား၊ ဆပ်ပြာ၊ အားကစားပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သောကြောင့် ကုန်သွယ်မှုအနေဖြင့် သွင်းကုန်တန်ဖိုးပိုမိုခဲ့ခြင်း ဖြစ်ပါသည်။ ငွေလဲနှုန်းအနေဖြင့် ယခုအပတ်တွင် ကျပ်ငွေ(၁)သိန်းလျှင် (၁၁၅၅)ဘတ် ဖြစ်ပေါ်ခဲ့ ကြောင်းသိရှိရပါသည်။

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ပို့ကုန် တန်ချိန် (၂၁၀၈)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၂.၀၀၂)သန်း၊ သွင်းကုန်တန်ချိန် (၁၂၄)၊ (၂၅၇၅) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၃၆)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၃၈ သန်း ဖြစ်သည်။ အများဆုံး တင်ပို့ နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်းတို့ဖြစ်ပြီး၊  အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန် ပစ္စည်းများမှာ ဓာတ်ဆီ၊ ဒီဇယ်၊ ပီလောပီနံမှုန့်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ ဆိုဒီယမ်ကာဗွန်နိတ် ဖြစ်ကြောင်း သိရှိရသည်။

Pages