ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

          ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၆၆၂၂)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၅.၄၁၄)သန်း၊ သွင်းကုန်တန်ချိန် (၆၂၈၄.၁၇)၊ (၅၀) U၊ (၁၄၃၉၅) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၂၉၂)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၀၆ သန်း ဖြစ် သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်း၊ အုန်းဖက်အက်ဆစ်၊ ဓနိအုန်း တို့ဖြစ်ပြီး၊  အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဓာတ်ဆီ၊ ဒီဇယ်၊ ပီလောပီနံမှုန့်၊ ဟိုက်ဒရိုဂျင်ပါ အောက်ဆိုဒ်၊ ဆိုဒီယမ်ကာဗွန်နိတ်၊ အနံ့ရည်၊ ဆား၊ ရေခဲပုံး၊ ဆီလီကွန်၊ မီးသွေးမှုန့်၊ ထုံးမှုန့်၊ ကုန်စုံ၊ ဘက်ထရီ၊ ဆီအုန်းမျိုးစေ့၊ ငှက်သိုက်၊ ကြိုး၊ ကျောက်ချဉ်၊ စတီးဝါယာကြိုး တို့ဖြစ်ကြောင်း သိရှိရသည်။

 ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၂၆ ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ လျာထားချက်မှာ ပို့ကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၅၀၀) ဒေါ်လာသန်း ဖြစ်သည်။ (၂၅-၀၂-၂၀၂၃) ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၅.၄၉၁) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၂) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅.၅၃၃) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး တစ်နှစ်လုံး ၏ လျာထားချက်အပေါ် (၁၃၅%) ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

              မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပါသည်။ တင်ပို့နိုင်ခဲ့ သည့်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှ ကွမ်းသီး၊ ကြက်သွန်နီ၊ သရက်သီး၊ ချင်း(အစို)၊ ဒညင်းသီး၊ အုန်းသီး၊ ထန်းလျက်၊ လဲမှို့၊ နနွင်းတက်၊ ကုလားပဲ၊ ငရုတ်သီးခြောက်၊ ဆီးသီးခြောက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ပန်းသီး ရေထွက်ပစ္စည်းမှ ငါးစုံလေးခြောက်၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ ငါးခေါင်းပွ၊ ငါးကုန်းညိုခြောက်၊ ငါးနီတူခြောက် စက်မှုကုန်ချောပစ္စည်းမှ လူကြီးစီးဖိနပ်၊ ချည်လုံချည်၊ ကွေကာအုပ်၊ သနပ်ခါးခဲ၊ ဆီးယိုထုပ်၊ ကော်ဖီမစ်၊ မျက်နှာလိမ်းခရမ်၊ နေကြာစေ့၊ ခေါက်ဆွဲ၊ ဆန်ကြာဆံ၊ ထွန်းရွှေဝါတို့တင်ပို့ခဲ့ပါသည်။ သွင်းကုန်ပိုင်းအနေဖြင့် Plastci Pipe ၊ PVC Tank Water Hand Pump ၊ Aluminium Water Pot ၊ Men's T-Shirt တို့ တင်သွင်းခဲ့သည်။

          မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်ဒေသတွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလက လူဝင်/ လူထွက်အနေဖြင့် မြန်မာနိုင်ငံသားများအား ကိန်းမခရိုင် မိန်းတိန်မြို့အထိဝင်ရောက်ခွင့်ပြုပြီး တရုတ်နိုင်ငံ သားများအား ချင်းရွှေဟော်မြို့အထိ သွားလာခွင့်ပြုခဲ့သည်။ မြန်မာကုန်တင်ယာဉ်များအနေဖြင့် တရုတ် နိုင်ငံ၊ ချင်းရွှေဟော်မြို့ကုန်တင်ယာဉ်များ ယာဉ်ရပ်နားကွင်း(ကုန်ချိန်းကွင်း)များအထိ လည်းကောင်း၊ ကြံတင်ယာဉ်များအနေဖြင့် မိန်းတိန်မြို့ နမ့်ဟွာသကြားစက်အထိလည်းကောင်းသွားလာခွင့်ပြုခဲ့သည်။

          ချင်းရွှေဟော်မြို့ (မြန်မာ)၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်း များအား (၁၈-၄-၂၀၂၁) ရက်နေ့မှစ၍ တရုတ်နိုင်ငံဘက်မှ တဖက်သတ်ရပ်ဆိုင်းခဲ့ပြီး (၂၆-၁၁-၂၀၂၁) ရက်နေ့မှသာ နှစ်နိုင်ငံတရားဝင်ကုန်သွယ်မှုဝင်ထွက်ဂိတ်နမ့်ဖာဟော်တံတားမှ နှစ်နိုင်ငံပို့ကုန်သွင်းကုန်များ အား အပြန်အလှန်တင်ပို့/တင်သွင်းမှု ပြန်လည်စတင်နိုင်ခဲ့သည်။ မြန်မာဘက် လောက်ကိုင်မြို့နှင့် ဆက်စပ် တစ်ဖက်နိုင်ငံ နမ်ဆန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ (၂၄-၂-၂၀၂၂) ရက်နေ့တွင် ထပ်မံယာယီရပ်ဆိုင်းခဲ့ပြီး (၂၂-၃-၂၀၂၂) ရက်နေ့မှသာ နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခဲ့သည်။

          သို့ရာတွင်နှစ်နိုင်ငံ လူအဝင်အထွက်အား တစ်ဖက်နိုင်ငံမှ ၂၀၂၂ခုနှစ်၊ မတ်လမှစ၍ ခွင့်ပြုထားခြင်း မရှိသေးသည့်အတွက် ယာဉ်မောင်းများသည် နမ့်ဖာဟော်တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့် စနစ်ဖြင့် PPE အဆင့်-၂ ဝတ်စုံဝတ်ဆင်၍ မောင်းနှင်ခဲ့ရသည်။

          အထက်ဌာန၏ခွင့်ပြုချက်အရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက် (၀၉:၄၅) အချိန် တွင် မြန်မာနိုင်ငံဘက်ခြမ်းမှ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး၊ ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်၊စခန်းမှူးရဲအုပ်စိုင်းရှုအောင်၊ လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ ချင်းရွှေဟော်နယ်စပ်စစ်ဆေးရေးစခန်းတာဝန်ခံ လူဝင်မှုကြီးကြပ်ရေးမှူး ဦးနိုင်ဝင်းဇော်၊ချင်းရွှေဟော်မြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူး ဦးရှာမွေလခွန်း၊ သက်ဆိုင်ရာဌာနများနှင့် တရုတ်နိုင်ငံဘက်ခြမ်းမှ နယ်စပ်စီးပွားရေးဇုန် ဒုတိယအတွင်းရေးမှူးမစ္စတာ ရှိန်ရှုပ်ချန်၊ ကိန်းမခရိုင် ပြည်ပဆက်ဆံရေးဌာနမှူး မစ္စတာကျန်တာနဲ၊ မိန်းတိန် နယ်စပ်ဂိတ် လူဝင်/ ထွက် တာဝန်ခံ မစ္စတာလျှိုရှောက်ဝူတို့နှင့် တွေ့ဆုံပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက် (၁၀:၀၀)  အချိန်မှစ၍ ချင်းရွှေဟော်(မိန်းတိန်)နယ်စပ်ဂိတ်ပေါက်တွင် ခရီးသည် လူဝင်/ လူထွက်နှင့် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့်ယာဉ်မောင်းများ ဝင်/ထွက်သွားလာမှုအား စတင်ဖွင့်လှစ်ခဲ့သည်။

          ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက် (၁၁:၄၅) အချိန်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်နှင့် အဖွဲ့ဝင် ဦးခင်မောင်လွင်တို့သည် အဆိုပါ တရုတ်နိုင်ငံ တာဝန်ရှိသူများနှင့် ထပ်မံတွေ့ဆုံခဲ့ပြီး ခရီးသည် လူအဝင်အထွက်များအား နွေးထွေးစွာ ကြိုဆိုဆောင်ရွက် ခဲ့ကြောင်း သိရသည်။

                                                                                                  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

          မောတောင်မြို့ဒေသဝန်းကျင်တွင် ငရုတ်သီးစိမ်းကို အများအပြားစိုက်ပျိုးလျက်ရှိပြီး ထိုင်းနိုင်ငံ ဘက်သို့ တင်ပို့လျက်ရှိသည်။

          ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ (၂၁) ရက်နေ့အထိ မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ ဘက်သို့ ငရုတ်သီးစိမ်း (၄.၄၀) တန်ကျော် တင်ပို့နိုင်ခဲ့သည်။

          လက်ရှိပေါက်ဈေးအနေဖြင့် ငရုတ်သီးစိမ်း (1) KG လျှင် (28) ဘတ်ရရှိပြီး မောတောင်ကုန်သွယ်ရေး စခန်းမှ ထိုင်းနိုင်ငံဘက်သို့ ပုံမှန်အားဖြင့်  အပတ်စဉ် ငရုတ်သီးစိမ်း (1400) KG မှ (2100) KG အကြား တင်ပို့ လျက်ရှိကြောင်း တွေ့ရှိရသည်။ ထိုင်းနိုင်ငံဘက်သို့ ငရုတ်သီးစိမ်းတင်ပို့ရာတွင် အကောက်ခွန် သက်သာခွင့်ဆိုင်ရာအကျိုးခံစားခွင့် (Form-D)ဖြင့် တင်ပို့ရောင်းချလျက်ရှိပြီး မောတောင်ဒေသရှိ ငရုတ်စိုက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိလျက်ရှိသည်။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်

ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူအခွင့် အရေးများကို ကာကွယ်ရန်နှင့် e-commerce တွင် လိမ်လည်မှုများကိုကာကွယ်ရန် Central Complaint Management System (CCMS) ကို ဖေဖော်ဝါရီလ ၁၉ရက်နေ့(တနင်္ဂနွေနေ့)တွင် စတင်မည်ဖြစ်ကြောင်း အဆိုပါနေ့ထုတ် Dhaka Tribune တွင် ဖော်ပြထားသည်။

CCMS စနစ်သည် စားသုံးသူတစ်ဦးမှ  e-commerce နှင့်ပတ်သက်သည့် တရားဝင်တိုင် ကြားချက်မှန်သမျှကို အလွယ်တကူတင်ပြနိုင်ပြီး ဖြေရှင်းချက်ပေးနိုင်မည့် သက်ဆိုင်ရာကိုရှာ ဖွေနိုင်သည့် ဗဟိုပလက်ဖောင်းတစ်ခုဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားသည်။

အဆိုပါပလပ်ဖောင်းအား စားသုံးသူအကာအကွယ်ပေးရေးအာဏာပိုင်များ၊ e-commerce နှင့် ချိတ်ဆက်ဆောင်ရွက်သူများ၊ အချက်အလက်စနစ်များနှင့် ပုံမှန်လည်ပတ်မည့် စက်ပစ္စည်း များနှင့် အလိုအလျောက်ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရေးသားဖော်ပြထားသည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် “Digital Bangladesh” မှ“Smart Bangladesh” သို့ လျင်မြန်စွာရွေ့လျားနေပြီး၊ နိုင်ငံသားများသည်လည်း e-commerce ၏ အကျိုးကျေးဇူးများကို ခံစားနေကြရပြီဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။ e-commerce ကဏ္ဍသည် များစွာ ကျယ်ပြန့်လာပြီး လိမ်လည်မှုများလည်း တိုးလာသည့်အတွက် ယင်းကိုကာကွယ်ရန် အားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်ရမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမှ ပြော ကြားခဲ့ သည်ကိုလည်း ရေးသားဖော်ပြထားသည်။

https://www.dhakatribune.com/business/

Pages