ကြော်ငြာလုပ်ငန်းမှာ ဂူးဂဲနဲ့ဖေ့ဘွတ်တို့ရဲ့ လွှမ်းမိုးမှုကတစစကြီးထွားနေပါတယ်။ ဒါကြောင့် ယာဟူး၊ မိုက်ကရိုဆော့ ကော်ပိုရေးရှင်းနဲ့ အေအိုင်အယ်လ်တို့က ကြော်ငြာလုပ်ငန်းမှာ ဖက်စပ်ပူးပေါင်းဆောင်ရွက်လာပါတယ်။ မဟာမိတ်အဖြစ ်ပူးပေါင်းမှုကို နိုဝင်ဘာ ၈ ရက်နေ့ကကြေညာခဲ့ပါတယ်။ ဒီပူးပေါင်းမှုအရ display ads လို့ခေါ်တဲ့ မရောင်းရသေးတဲ့ပရီမီယံ ကြော်ငြာလက်ကျန်တွေကို လာမဲ့နှစ်စောစောပိုင်းအချင်းချင်း ပြန်လည်ရောင်းချဖို့ ဖြစ်ပါတယ်။