ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲတီစိမ်းကို မျိုးအတွက် ဝယ်ယူမှုများရှိလာတဲ့အတွက် တစ်ရက်မျိုးပဲ ၂၅ အိတ်ကျော် အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးမှာ အရည်အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ပြီး၊ ရိုးရိုးစမှာ တစ်တင်း ၁၃၅၀၀ ကျပ်၊ အလတ် စမှာ တစ်တင်း ၁၄၅၀၀ ကျပ်၊ ထိပ်စအမျိုးအစားမှာ တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် မျိုးအတွက် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရ ပါတယ်။