OPPO က ထူးခြားကောင်းမွန်သည့် 4G စနစ်သုံး A37 ဖုန်းကို ကျပ်နှစ်သိန်းကျော်ဖြင့် ရောင်းချပေး လျက်ရှိ

Tue, 07/12/2016 - 06:40 -- admin_ygn

OPPO က ထူးခြားကောင်းမွန် သည့် 4G စနစ်သုံး A37  ဖုန်းအမျိုး အစားကို ကျပ် ၂၂၉၀၀ ဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း OPPO ၏ သတင်း ထုတ်ပြန်ချက်များ တွင် ဖော် ပြထားသည်။ OPPO သည် အဆိုပါ စမတ်ဖုန်း အမျိုးအစားသစ် တစ်ခုဖြစ်သည့် ဗ၃၇ ဖြင့် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေးကွက် ကို ဦးဆောင်သွားရန်  ရည်ရွယ်ထား ကြောင်း သိရသည်။ OPPO အဆိုပါစမတ်ဖုန်း A37 အမျိုး အစားသည် ၂၀၁၆ ခုနှစ် အတွင်းမြန်မာ ပြည်ဈေး ကွက်နှင့်အထူးသင့်လျော်မှု ရှိ စေမည့် စမတ်ဖုန်းဖြစ်ပြီး ဇူလိုင် ၁ ရက် မှစတင်ကာ ဈေးကွက်အတွင်း စတင် ဖြန်ချိလျက်ရှိကြောင်း သိရသည်။
ယင်းဖုန်းအမျိုးအစားသည် 4Gကွန်ရက်စနစ်ကို  အသုံးပြုထားပြီး ဆင်းကတ်နှစ်ကတ်  ထည့်သွင်းအသုံးပြု နိုင်သည့်Dual Sim Card   အမျိုး အစားဖြစ်သည်။  ထို့ပြင်  အဆိုပါ Dual Sim Card တွင်  မည်သည့်Slot  တွင်  ကတ် စိုက်ထားသည်ဖြစ်စေ 4G  စနစ်ကို အပြည့်အဝအသုံးပြုနိုင်မည်ဖြစ်သည်။
ထို့ပြင် သီးသန့်SD Card  ထည့် သွင်းအသုံးပြုနိုင်ရန်အတွက် တတိယ မြောက်Slot ကိုလည်း ထည့်သွင်းပေး ထားကြောင်း သိရသည်။ယခု  ထုတ်လုပ်လိုက်သည့် OPPO  A37 ဖုန်းအမျိုးအစား ၏ ဒီဇိုင်းကို  လှပသေသပ်စွာ ထုတ်လုပ် ထားပြီး ကိုယ်ထည်မှာ သတ္တုကိုယ်ထည် ဖြစ်ရာ  စမတ်ဖုန်းကို ဖက်ရှင် ွGadget  တစ်ခု  အဖြစ်ပါ  ကိုင်ဆောင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း  သိရ သည်။
ဖုန်း၏မျက်နှာပြင်မှာ  ငါးလက်မ အရွယ်အစားရှိပြီး မျက်နှာပြင် ပိုမိုလှပ မှုရှိစေရန်နှင့် အကြမ်းခံနိုင်စေရန်2.5D Arc Edge Scree နှင့်  Gorilla Glass 4  ကို အသုံးပြုပေးထား သည်။ ကင်မရာပိုင်းတွင်လည်း8MP ရှိ သည့် နောက်ကင်မရာနှင့် 5MP ရှိ သည့်ရှေ့ကင်မရာတို့ကို  အသုံးပြုပေး ထားပြီး အလင်းဝင်အားပိုမိုကောင်းမွန် သည့် Aperture တို့ကြောင့်သစ်လွင် တောက်ပသည့်  ကင်မရာပုံရိပ်  အလှကို ဖမ်းယူရရှိစေနိုင်မည်ဖြစ်ကြောင်း သိရ သည်။
ယင်းဖုန်းတွင်System Memory  မှာ 2GB RAM ရှိပြီးInternal Memory  မှာ 16 GB ရှိ ကြောင်း သိရသည်။  ထို့ပြငGold  တစ် ဆင့်တိုးမြှင့်အသုံးပြုလိုပါက Rose Gold  အထိ ရရှိနိုင်ကြောင်း သိရသည်။ဘက်ထရီ အမျိုးအစား မှာ2630 mAh့အမျိုးအစားကို အသုံးပြုထားပြီး ဖုန်းအရောင်ရွေးချယ်မှုအနေဖြင့်Gold နှင့် Rose Gold သိူ အရောင် နှစ်မျိုးကို ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
 MTD