MPTက4G စမတ်ဖုန်းအသစ်ကို ကျပ် ၈၉၀၀၀ ဖြင့် စတင်ရောင်းချ

Wed, 03/29/2017 - 07:58 -- admin_ygn

     MPTသည် 4G  စနစ်ပါဝင် သည့် စမတ်ဖုန်းအသစ်M50A  ကို ကျပ် ၈၉၀၀၀ ဖြင့် စတင်ရောင်းချပေးနေပြီ ဖြစ်ကြောင်း သိရသည်။MPT၏  အဆိုပါစမတ်ဖုန်း အသစ် မိတ်ဆက်ပွဲ အခမ်းအနားကို မတ် ၂၂ ရက်က မြန်မာပလာဇာတွင် ကျင်းပခဲ့သည်။အဆိုပါစမတ်ဖုန်းကို ဝယ်ယူသုံးစွဲ သူများအနေဖြင့် ဝယ်ယူပြီးသည့်နေ့မှ  ခြောက်လတိုင်တိုင် လစဉ်သုံး ဒေတာ အပိုဆု2.5 GB ရရှိနိုင်မည့်  MPT ဆင်း ကတ်တစ်ကတ်ကို လက်ဆောင်ရရှိမည် ဖြစ်သည်။ထို့ပြင်  ဖုန်းဘေလ်အနည်းဆုံး ကျပ် ၃၀၀၀ ဖိုးဖြည့်သွင်းရုံဖြင့် အဆို ပါဒေတာအပိုဆိုကို ရရှိနိုင်မည်ဖြစ်ပြီးMPT  ၏ ဆွေသဟာအစီအစဉ်ကို လည်း ရယူသုံးစွဲနိုင်မည်ဖြစ်သည်။
အဆိုပါMPT  ၏M 50A ဖုန်း အမျိုးအစားကို ဝယ်ယူပါက တစ်နှစ် အာမခံပေးထားမည်ဖြစ်ပြီး ရွှေရောင်၊ အနက်ရောင်နှင့်  အဖြူရောင်ဟူ၍ အရောင်သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ ထို့ပြင် အထူးစီမံထားသော လက်ဆောင်ဘူးတစ်ဘူးနှင့် အာမခံ တစ်နှစ်ကိုလည်းရရှိမည်ဖြစ်သည်။MPT-KGSM Joint Operation  ၏ Chief Commercial Officer ဖြစ် သူ မစ္စတာကိုအိချိကာဝါဆဲက ''MPTအမှတ်တံဆိပ်  စမတ်ဖုန်းစီးရီးထဲကို နောက်ထပ် မော်ဒယ်တစ်မျိုး  ထပ်မံ ထည့်သွင်းလိုက်နိုင်ပြီဖြစ်တဲ့အတွက်  ကျွန်တော်တို့အနေနဲ့ စိတ်လှုပ်ရှားမိပါ တယ်။M50A က  ဈေးနှုန်းအားဖြင့် အတော်လေး သက်သာရုံမက အရည် အသွေးမြင့်မားတဲ့ စမတ်ဖုန်းပဲဖြစ်ပါ တယ်။ အခုရော နောင်မှာပါMPT  ရဲ့ ကျယ်ပြန့်ပြီး မြန်ဆန်တဲ့  4G ကွန် ရက်နဲ့ချိန်ဆက်ပြီး အသုံးပြုနိုင်ဦးမှာပါ။ ဒေတာအပိုဆုအနေနဲ့လည်း တစ်လကို 2.5G ရရှိမှာဖြစ်တဲ့အတွက် ကျွန်တော် တို့ရဲ့သုံးစွဲသူတွေဟာ  ထူးခြားစုံလင်လှ တဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ရယူသုံးစွဲ ပြီး ဆက်သွယ်မှု ပိုမိုကောင်းမွန်တဲ့နိုင်ငံ တစ်နိုင်ငံအဖြစ်  ဆက်လက်ချီတက် နိုင်မှာဖြစ်ပါတယ်''ဟု   ပြောကြားခဲ့ သည်။             

       မယ်သီတာ

 

Local Trade News

Pages