ဥယျာဉ်ဇင်ကျေးရွာ၌ ခရမ်းချဉ်သီးများ စတင်စိုက်ပျိုး

Thu, 08/22/2024 - 05:06 -- mocadmin

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာ၌ စပါး၊ နှမ်း၊ ပဲသီး၊ ခရမ်းချဉ်သီး နှင့် ဥယျာဉ်ခြံသီးနှံများကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ထိုင်ဝမ်ခရမ်းချဉ်သီးနှံကို ဩဂုတ်လမှစတင်၍ စိုက်ပျိုးလျက်ရှိရာ စိုက်ဧက ၃ ဧကကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် တိုင်ထောင်စနစ်ဖြင့် မြေအောက်ရေကိုအသုံးပြု၍ စိုက်ပျိုး ကြောင်း၊ ထိုင်ဝမ်ခရမ်းချဉ်သီး မျိုးစေ့တစ်ထုပ်လျှင် ငွေကျပ် ၂၇,၀၀၀ ဖြင့် စိုက်ပျိုးရေးဆေးဆိုင် များမှဝယ်ယူ၍ စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးထုပ် ၆ ထုပ်ခန့်ကုန်ကြကြောင်း၊  စိုက်ပျိုးပြီး ၂ လခွဲ အကြာတွင် ခူးဆွတ်ရ၍ မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၂၅ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ခရမ်းချဉ်သီးပိဿာချိန် ၄၂၅၀ ပိဿာခန့် ထွက်ရှိခဲ့ပြီး တစ်ပိဿာလျှင် ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၆၀ သိန်းခန့်ရရှိခဲ့ပြီး မင်းဘူးမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်တွင်လည်း အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များစွာရရှိနိုင်ကြောင်း ထိုင်ဝမ်ခရမ်းချဉ်သီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)