အင်းတော်မုန်ညင်းကြီးက စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေလျင်မြန်စွာရ

Tue, 03/08/2016 - 09:21 -- admin_ygn

အင်းတော်မြို့နယ်မှာ ဆောင်းသီးနှံ မုန်ညင်းကြီးကို ဧကကျယ်ကြီး များနဲ့ စိုက်ပျိုးလာတာ တွေ့ရပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ထမင်းဝိုင်းမှာ မုန်ညင်းကိုအမျိုးမျိုးစီမံစားသောက်ကြပါတယ်။ အင်းတော်ဒေသမှာ မုန်ညင်းကို အချဉ်တည် စဉ့်အိုးများနဲ့ လှောင်ပြီး နှစ်ပေါက်ရောင်းချတဲ့သူများရှိပါတယ်။ စိုက်ပျိုးရလွယ်ကူပြီးအပင်သက်ရက်ခြောက်ဆယ်မှာ ခူးဆွတ်ရောင်းချရတဲ့အတွက် လျှင်မြန်စွာ ငွေဝင်တဲ့သီးနှံဖြစ်ပါတယ်။'' မုန်ညင်းကြီးမျိုးကို ဆိုင်ကြီးများ မှာ တစ်ထုပ် ငါးထောင်ကျပ်နဲ့ ဝယ်ပါတယ်။ တစ်ထုပ် တစ်ဧကစာပါ အပင်အရေအတွက် မခန့်မှန်းနိုင် ပေမယ့် ပိဿာချိန်ငါးရာထွက်ပါတယ်။ စိုက်ပျိုးရလွယ်ပါတယ်၊ မြေပြင် နွားချေး ဆယ်စီးခန့်ဖြန့်ခင်းမျိုးစေ့ချ ကောက်ရိုး အုပ်ပြီး ရေ ပါးပါး လောင်းပေးရပါတယ်။ စိုက်ပျိုးပြီး နောက်နှစ်လဆိုခူးဆွတ်လို့ရပါပြီ၊ တစ်ဧကကုန်ကျစရိတ် ကျပ်တစ်သိန်းခန့် ကုန်ကျပါတယ်။ လက်ရှိပေါက် ဈေးတစ်ပိဿာ တစ်ထောင် ရောင်းရတော့ တစ်ဧကလေး သိန်းကျော်အကျိုးအမြတ် ရှိပါတယ်။ အချဉ်တည် ရောင်းချတဲ့လုပ်ငန်းရှင်များက အခင်းပြတ် ဝယ်ကြပါတယ်။ ''မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ကသာ၊ ဗန်းမောက်မြို့တွေကအဝယ်များပါတယ်'' လို့ တောင်သူဦးကျော်မင်းစိန် က ပြောပါတယ်။ မုန်ညင်း မှာ ဒေသအခေါ်အရ ကိုက်လန်၊ ရိုးတံရှည်၊ မုန်ညင်းသီး၊ မုန်ညင်းကြီး အမျိုးမျိုးရှိပေမယ့် နှစ်ပေါက်မုန့်ညှင်းချဉ်ပြုလုပ်တာ မုန့်ညင်း ကြီးတစ်မျိုးသာဖြစ်တဲ့အတွက်ဈေးကွက်ဝင်ပြီး ငွေဖြစ်လွယ်တဲ့ မုန့်ညင်း ကြီးကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်တယ်လို့ ဈေးကွက်က သိရပါ တယ်။                                                              

ကြည်နိုင်ဦး- အင်းတော်

 

Local Trade News

Pages