ဟင်္သာတမြို့နယ်တွင် ဆန်ဈေးအနည်းငယ်ကျ ကျန်မြို့နယ်များ ပုံမှန်ရောင်းဝယ်လျက်ရှိ

Fri, 03/30/2018 - 05:53 -- admin_ygn

    ဧရာဝတီတိုင်းဒေသကြီး၏ ဆန်စပါးဈေးကွက်မှာ  ယခုရက်ပိုင်းအတွင်း မြို့နယ်စုံ၌ ဆန်စပါးဈေးနှုန်း တည်ငြိမ်၍ ပုံမှန် အရောင်းအဝယ်ဖြစ်ပြီး ဟင်္သာတမြို့နယ်တွင် မိုးဧည့်မထဆန်ဈေးမှာ   ယခင်က ၁၀၈ ပေါင် ဆန် တစ်အိတ် ကျပ် ၂၂၅၀၀မှ ယခုလက်ရှိဈေး ကျပ် ၂၂၀၀၀ ဈေးဖြစ်သွားသဖြင့် ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀ လျော့နည်းသွားပြီး ဆန်ဈေး အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ဆန်စပါးဈေးကွက်သတင်းများမှ သိရပါတယ်။ ဆန်စပါးဈေးကွက်မှာ လူအများစားသုံးနိုင်သော ဧည့်မထဆန်များ အရောင်းအဝယ်အများဆုံးဖြစ် နေပါ တယ ်။ ပေါ်ဆန်းဈေးကွက်မှာ ပုံမှန်ရှိ၍ ယခုလက်ရှိအချိန်အထိ ဒေသတွင်း ရောင်းလိုအားနှင့်ဈေးမှာ မြို့နယ် စုံနီးပါး၌ တည်ငြိမ် လျက်ရှိပြီး ရန်ကုန်နှင့် အညာဒေသမှ ဝယ်လိုအား မြင့်တက်လာလျှင် အရောင်းအဝယ် သွက်၊ ဈေးနှုန်းမြင့်တက်မှုရှိ၍အရောင်းအဝယ်အေးလျှင်ဈေးနှုန်းတည်ငြိမ်မှုရှိကြောင်းဆန်စပါးကုန်သည်အသိုင်းအဝိုင်းမှ သိရပါတယ်။                   

မင်းမင်းဦး (ပုသိမ်)

Local Trade News

Pages