ရွေးကောက်ပွဲအပြီးကာလများတွင် နိုင်ငံတကာမှ ရုံးခန်းနေရာများအတွက် စိတ်ဝင်စားမှုများ မြင့်တက်လာ

Tue, 01/19/2016 - 09:28 -- admin_ygn

၂၀၁၅ ခုနှစ်အတွင်း အောင်မြင်စွာကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီးတွင် ပြောင်းလဲမှုများမှာ သိသာလာခဲ့ရာ မြန်မာ့အိမ်ခြံမြေရှာဖွေရေး  ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့်House. com.mm ၏သတင်းထုတ်ပြန်ချက်များအရလုပ်ငန်းသုံး အခန်း နေရာများစုံစမ်းမှုမှာ ယခင်နှစ်လကျော်နှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း ခန့်မြင့်တက်လာခဲ့ကြောင်းသိရသည်။House.com.mm မှ မန်နေဂျာ ဦးအောင်ကိုကိုဦးက''နိုင်ငံခြားသားတွေအနေ နဲ့ ရုံးခန်းနေရာတွေကို ရှာဖွေတဲ့အခါမှာတည်နေရာ၊ ကုန်ကျစရိတ်နဲ့ အင်တာနက်ရရှိနိုင်မှုတွေကို အဓိကထားပြီးရှာဖွေကြတာ ကိုတွေ့ရပါတယ်။ ကုမ္ပဏီတွေအနေ နဲ့သူတို့ရဲ့အလုပ်နဲ့ပတ်သက်ပြီး လိုချင်တဲ့နေရာ၊ ဦးစားပေးတဲ့နေရာတွေကွဲသွားပါတယ်။ ဥပမာပြောရမယ်ဆိုရင် အိုင်တီကုမ္ပဏီတွေအနေနဲ့အင်တာ နက်ကောင်း ကောင်းရနိုင်မယ့်နေရာမျိုးတွေ၊ ကုန်သွယ်မှုလုပ်မယ့်ကုမ္ပဏီတွေဆိုရင် မြို့ထဲလိုနေရာမျိုးတွေ၊အစိုးရရုံးတွေနဲ့ အနီးအနားနေရာတွေ၊ Logistics ကုမ္ပဏီတွေဆိုရင်အကောက် ခွန် နဲ့နီးတဲ့နေရာတွေကိုရွေးချယ်တတ်ကြပါတယ်။ အင်တာနက်လိုင်းကောင်း တဲ့နေရာတွေ၊ မီးမှန်မယ့်နေရာတွေကို  အများဆုံးရှာဖွေတတ်ပြီးအမြန်ဆုံးအငှားဖြစ်သွားကြတာကိုလည်းေ တွ့ ရပါတယ်''ဟု ပြောကြားခဲ့သည်။House.com.mm အနေဖြင့် အိမ်ခြံမြေဝယ်လိုအားနှင့် အိမ်ခြံမြေ ရောင်းလို အားနှစ်ခုကို ပွင့်လင်းမြင်သာမှုဖြင့်ချိတ်ဆက်ပေးနိုင်ရန်ထားရှိပေးထားပြီး အိမ်ခြံမြေရှာဖွေသူများ လွယ်ကူစွာဖြင့် ရှာဖွေနိုင်ရန်နှင့် အသေးစိတ်အကူအညီပေး ခြင်းများအတွက်လည်း Call4Home အစီအစဉ်ကိုစီစဉ်ထားကြောင်းသိရသည်။ဝက်ဘ်ဆိုက်များ တွင်ေ ဖာ်ပြထားသည့် အချက် အလက်များနှင့် ပတ်သက်  ၍ အသေးစိတ်သိရှိလိုပါက  Call4Home ဖုန်းနံပါတ် ၀၉၄၅၀၀၀၀၄၁၄ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။ House. com.mm မှ မန်နေးဂျင်း ဒါရိုက်တာ Mr. Balaji Ramaswami က''နိုင်ငံတကာလုပ်ငန်းတွေအနေနဲ့အမြန်ဆုံးပြောင်းရွှေ့လိုရနိုင်တ့ အသင့်ဖြစ်နေတဲ့ရုံးခန်းနေရာမျိုးတွေကိုပြီးနှစ်သက် ကြပါတယ်။ အခန်းပိုင်ရှင်အနေနဲ့လည်း နေရာကိုထိန်းသိမ်းပြုပြင်ပေးတာမျိုး၊ မြန်ဆန်တဲ့ ဝန်ဆောင်မှု ပေးထာမျိုးတွေ ရှိတယ်ဆိုရင်ထိုက်သင့်တဲ့ဈေးကောင်းပေးပြီး မြန်မြန်ငှားဖြစ်သွား ကြတာ များပါ တယ်''ဟုပြောကြားခဲ့သည်။                                        

မယ်သီတာ

Local Trade News

Pages