ရန်ကုန်ဆန်ဈေးကွက်ဈေးငြိမ်ပြီး မူဆယ်ဆန်ဈေးကွက် ဈေးအနည်းငယ်ကျ

Thu, 01/26/2017 - 07:18 -- admin_ygn

 ဆန်ချောနဲ့ဆန်ကြမ်းအသစ်ရော အဟောင်းပါဈေးငြိမ် နေတယ်လို့ ရန်ကုန်မြို့ဝါးတန်းကုန်စည်ဒိုင်ရဲ့ဈေးနှုန်းထုတ် ပြန်ချက်များအရ  သိရှိရပါတယ်။  ကုန်စည်ဒိုင်ရဲ့လက်ကား ဈေးနှုန်းများအရ   ဖျာပုံပေါ်ဆန်ထိပ်စတစ်အိတ် ကျပ် ၃၈၀၀၀၊ လတ်စတစ်အိတ် ကျပ် ၃၄၀၀၀၊ ပုသိမ်/ မြောင်းမြ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၄၀၀၀၀၊ လတ်စ တစ် အိတ် ကျပ် ၃၄၀၀၀၊ ကျိုက်လတ်ပေါ်ဆန်း ထိပ်စတစ်အိတ် ကျပ်၃၂၀၀၀၊ လတ်စ တစ်အိတ် ကျပ် ၂၉၀၀၀၊ ရွှေဘိုပေါ် ဆန်း ဆန်ထိပ်စတစ်အိပ်ကျပ် ၄၃၀၀၀ မှ ကျပ်  ၄၄၅၀၀နဲ့ ပေါ်ဆန်းအသစ်(ရှယ်)တစ်အိတ်ကျပ်၂၅၀၀၀မှကျပ်၂၉၀၀၀ နဲ့ဈေးအတက်အကျမရှိဘဲ  ငြိမ်နေပါတယ်။ ဆန်ဈေးလည်း ငြိမ်၊ အရောင်းအဝယ်လည်း ခပ်ပါးပါးသာရှိပြီး ဆန်အဝင် လည်း ပုံမှန်သာရှိတယ်လို့ ဝါးတန်းဆန်ဈေးကွက်မှ  သိရှိရပါ တယ်။
ဧည့်မထဆန်ထိပ်စတစ်အိတ်ကျပ်၁၉၅၀၀ နဲ့ လတ်စတစ်အိတ်ကျပ် ၁၈၅၀၀၊နွေသီးထပ်(ရှယ်) တစ်အိတ်ကျပ် ၁၉၀၀၀ မှကျပ် ၂၀၀၀၀၊ နွေဆန်ရက် ၉၀ တစ်အိတ် ကျပ်၁၉၅၀၀မှ ကျပ် ၂၁၀၀၀၊ မနောသုခ တစ်အိတ် ကျပ်၂၄၀၀၀ မှ ကျပ် ၂၅၀၀၀၊ အိတ်စ်ပို့ ၂၅ မှတ် တစ်အိတ်ကျပ် ၁၅၀၀၀မှ ကျပ် ၁၆၀၀၀၊ ဆန်ကြမ်းအသစ် (ရှယ်) တစ်အိတ် ၁၇၀၀၀မှ ကျပ် ၁၇၅၀၀နဲ့ ဆန်ကြမ်းလည်း ဈေးငြိမ်နေကြောင်းသိရပါ တယ်။ ဆန်ဈေးငြိမ်သလို အရောင်းအဝယ် လည်း အေးပြီး အဝင်လည်းပါးကြောင်း သိရပါတယ်။
တရုတ်နှစ်သစ်ကူးရှိတဲ့အတွက် မူဆယ်ဆန်ဈေးကွက် မှာကုန်သည်တွေ  ဌာနေပြန်ကြလို့ အရောင်းအဝယ်လျော့ သွားတဲ့အတွက် ဆန်ဈေးလည်း အနည်းငယ် ကျသွားတယ်လို့ သိရပါတယ်။ ဧည့်မထစူပါနဲ့မှော်ဘီများဖြစ်တဲ့ ၅ မှတ် တစ် အိတ် ၁၂၅ မှ ၁၂၇ ယွမ်၊ ၁၀ မှတ် တစ်အိတ် ၁၂၁ ယွမ်မှ ၁၂၄ယွမ်၊ ၂၅မှတ်တစ်အိတ် ၁၁၄ ယွမ်မှ ၁၁၆ ယွမ်၊ ၃၅မှတ် တစ်အိတ် ၁၀၉ယွမ်မှ ယွမ်၁၁၀၊ ငစိန် ၅မှတ်တစ်အိတ် ၁၂၁ ယွမ်မှ၁၂၃ ယွမ်၊ ငစိန် ၁၅ မှတ် တစ်အိတ် ၁၁၇ ယွမ်မှ ယွမ် ၁၂၀၊ ငစိန်၂၅ မှတ်တစ်အိတ် ၁၁၅ ယွမ်မှ ၁၁၆ ယွမ်ရှိပြီး တစ်အိတ်ကို ၁ယွမ်ခန့်စီ ဈေးကျသွားပါတယ်။ မြို့တွင်းနယ်စုံ မှ မူဆယ်သို့ ဆန်အဝင်မှာ ဇန်နဝါရီ ၁၃ ရက်မှ ၁၈ ရက် အထိ ၁၇၄၃၁ တန်ရှိ ပါတယ်။ ငွေလဲနှုန်းကတော့  ဇန်နဝါရီ ၂၀ရက်ပေါက်ဈေးအရ ၁ယွမ်ကို ၁၉၆ကျပ်ရှိကြောင်းသိရ ပါတယ်။
                   ယဉ်ယဉ်အေး

 

Local Trade News

Pages