ယခင်တစ်ပတ်ထက် ဘိလပ်မြေတန်ချိန် ၂၇၀၀ ကျော်အဝင်လျော့

Tue, 02/23/2016 - 06:09 -- admin_ygn

                ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ရက် သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ ကန်ဒေါ်လာ ၄၄၆၃၀၆၆ တန်ဖိုးရှိ ဘိလပ်မြေ  ၅၃၄၀၂ တန် တင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံမှသာ တင် သွင်းခဲ့တာဖြစ်ပြီး စိန်နဲ့ ဆင်တံဆိပ် အများဆုံးဝင်လာခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်း ပတ် ဘိလပ် မြေအဝင်မှာ တန်ချိန် ငါးသောင်းခြောက်ထောင်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် အဝင်နဲ့ယှဉ်ရင်တန်ချိန် ၂၇၅၀ ကျော်အ ဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။