မော်တော်ယာဉ်ယန္တရားနဲ့ မော်တော်ယာဉ်ဆက်စပ်အပိုပစ္စည်းတင်သွင်းမှု ယမန်နှစ်ကာလတူထက်လျော့နည်း

Wed, 02/03/2016 - 09:19 -- admin_ygn

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလ ၂၂ ရက်ထိ မော်တော် ယာဉ်နှင့် မော်တော်ယာဉ်ဆက်စပ် အပိုပစ္စည်း တင်သွင်းမှုသည်စီးရေ ၁၁၈၄၆၈ တန်ဖိုးအားဖြင့် ကန်ဒေါ်လာသန်း ၁၅၄၀ ကျော်ဖိုးဖြစ်ပါတယ်။ ယမန်နှစ်ကာ လ တူနဲ့ နှိုင်းယှဉ်ပါက စီးရေ ၃၁၉၃၁ စီးလျော့နည်းခဲ့ပါတယ်။ တန်ဖိုးအားဖြင့်မူ ကာလတူထက် ကန်ဒေါ်လာ ကိုးသန်းကျော် ပိုမိုခဲ့ပါ တယ်။ လူစီးယာဉ်နဲ့ မော်တော်ယာဉ်အပိုပစ္စည်းတင်သွင်းမှုကာလတူထက် လျော့နည်းခဲ့သော်လည်း လူစီးယာဉ်နဲ့မော်တော်ယာဉ်အပိုပစ္စည်း တင်သွင်းမှု ကာလတူထက် လျော့နည်းခဲ့ သော်လည်း လူစီးယာဉ်၊ ဘတ်စ်၊ ထရပ်ကားများ တင်သွင်းတဲ့ စီးရေလျော့နည်းခဲ့ပြီး လူစီးယာဉ်တင်သွင်း မှုကတော့ တန်ဖိုးပါ ကျဆင်းခဲ့ပါတယ်။ ဘတ်စ်နဲ့ ထရပ်ကားများ တင်သွင်း တဲ့ တန်ဖိုးကာလတူထက်ပိုမိုခဲ့ပါတယ်။ ယန္တရား တင်သွင်းမှုကတော့ကာလတူထက်စီးရေ ၃၇၀၃ စီး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၇၉ သန်းကျော် ပိုမိုခဲ့တယ်လို့သိရပါတယ်။

 

MIRT