မုံရွာဆီထွက်သီးနှံဈေးကွက် ဝယ်လက်ပါးလို့ ဈေးအေး

Mon, 07/04/2016 - 06:53 -- admin_ygn

မုံရွာကုန်စည်ဒိုင် ဇွန်လကုန်ပတ် ဆီထွက်သီးနှံဈေးကွက်မှာ ပြည်ပ ဝယ်လက်အဝယ်ပါးခဲ့လို့  မြေပဲဆန်နဲ့ နှမ်းမျိုးစုံ  ဈေးအေးကာ အရောင်း အဝယ်ပါ ပါးခဲ့တယ်လို့ သိရပါတယ်။မြေပဲဆန်ဈေးကွက် မှာ  ယခုတစ်ပတ် အတွင်း မြေပဲ ဆန်(နီ) တစ် ပိသာ အမြင့်ဆုံး ကျပ် ၂၈၅၀ နဲ့ မြေပဲဆန်(ဖြူ) တစ်ပိဿာကျပ် ၂၇၅၀၊ ဆီဆန်တစ်ပိဿာ  ကျပ် ၂၃၀၀ အသီးသီး ဈေးတန့်နေပြီးတစ်ရက်မြေပဲ (လုံးဆန်) အရောင်းအဝယ်မှာ  အိတ် ၃၀၀ ခန့်သာ ဖြစ်ခဲ့ တယ်လို့ ဆိုပါ တယ်။ နှမ်းမျိုးစုံဈေးကွက်မှာလည်း  နှမ်းနက်တစ်မျိုးသာ တစ်တင်းကျပ် ၅၀၀၀၀ နဲ့ ဈေးဆက်လက်မာခဲ့ပြီး နှမ်းညို(အသစ်) တစ်တင်းကျပ် ၂၄၀၀၀ နဲ့ နှမ်းဖြူတစ်တင်း  ကျပ် ၃၀၀၀၀ အထိ ဈေးပြန်အေးသွား ကာ တစ်ရက် အိတ် ၂၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။စားသုံးဆီဈေးကွက်မှာတော့ ပဲဆီကတစ်ပိဿာကျပ် ၄၆၀၀ နဲ့ငြိမ် နေပြီး၊ နှမ်းဆီကတစ်ပိသာကျပ် ၃၄၀၀ နဲ့ကျဈေးဖြစ်ပေါ်ခဲ့ကာ စားအုန်း ဆီက တစ်ပိဿသာကျပ် ၁၆၀၀ မှ ၁၆၅၀ အတွင်း ဈေးတန့်နေတယ်လို့ မုံရွာ ကုန်စည်ဒိုင်ဈေးကွက်က လေ့လာသိရှိရပါတယ်။           
   

ထွန်းလှိုင်-မုံရွာ