မကွေးမြို့နယ်၌ ဖူးစားပြောင်းများစိုက်ပျိုးခြင်းဖြင့် တောင်သူများအဆင်ပြေ

Wed, 08/21/2024 - 08:27 -- mocadmin

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ယင်းဆိပ်၊ တမို့၊ အုန်းတွဲ ကျေးရွာများတွင် နှမ်းနှင့် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးကြပြီး ဖူးစားပြောင်းသီးနှံ ၅ ဧက ခွဲခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

မျိုးအနေဖြင့် ဖူးစားပြောင်း (ပံ-75)မျိုးကို စိုက်ပျိုးကြပြီး မြေအောက်ရေတင် စနစ်ဖြင့် တန်းကြား ၂ ပေအကွာ၊ ပင်ကြား ၁၀ လက်မအကွာ အစေ့ချ၍ စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် ဖူးစားပြောင်း (ပံ-75) မျိုးစေ့ တစ်ထုပ်လျှင် ၅၀၀ ဂရမ်ပါ အထုပ် ၅ ထုပ်ခန့် စိုက်ပျိုးရပြီး ဖူးစား ပြောင်း (ပံ-75) ကို ဇွန်လတွင် စတင်စိုက်ပျိုး၍ ဩဂုတ်လတွင် ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁,၆၀၀,၀၀၀ ကျော် ကုန်ကျပြီး အထွက်နှုန်း အနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် ပြုစုပျိုးထောင်မှု အပေါ်မူတည်၍ တစ်ဧကလျှင် ပြောင်းဖူး ၉၀၀၀-၁၂၀၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။

ဈေးနှုန်းအနေဖြင့် ဩဂုတ်လ၊ ဒုတိယပတ်တွင် ပြောင်းဖူး တစ်ဖူးလျှင် လက်ကားဈေး ငွေကျပ် ၃၅၀-၄၀၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧက လျှင် ငွေကျပ် ၁,၅၀၀,၀၀၀ ကျော် အကျိုးအမြတ် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းသည် များမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူမှုများရှိပြီး တောင်သူများအနေဖြင့်လည်း မကွေးမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်း ချလျက်ရှိကြောင်း၊ ဖူးစားပြောင်းစိုက်ပျိုးခြင်းသည် တိရစ္ဆာန်အစာအတွက် ဖူလုံမှုများရှိသကဲ့သို့ တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိသောကြောင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages