မကွေးဈေးကွက်၌ ပဲစင်းငုံအနီများ ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်

Wed, 08/21/2024 - 08:29 -- mocadmin

မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်သို့ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူး မြို့၊ မြို့သစ်မြို့၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံအနီ သီးနှံ များ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ၊ ဒုတိယပတ်တွင် ပဲစင်းငုံအနီ တစ်တင်းလျှင် ငွေကျပ် ၁၄၆,၀၀ဝ ဖြင့် ၆၁၂ တင်း၊ တန်အားဖြင့် ၂၀ တန် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း၊ ဩဂုတ်လ၊ ပထမပတ်နှင့် ဒုတိယပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ဩဂုတ်လ၊ ပထမပတ်၌ ပဲစင်းငုံအနီ တစ်တင်းလျှင် ငွေကျပ် ၁၄၀,၀၀ဝ ဖြစ်ရာ ဩဂုတ်လ၊ ဒုတိယ ပတ်တွင် ပဲစင်းငုံအနီ တစ်တင်းလျှင် ငွေကျပ် ၆,၀၀ဝ ပိုမိုရရှိပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ထိုမှတစ်ဆင့် အိန္ဒိယ နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း  သိရှိရသည်။

DOCA (မကွေး)