ပြည်ဘိုကိတ် ဈေးအေးနေသော်လည်း ယခင်နှစ်ကဈေးထက်ပို

Wed, 03/30/2016 - 09:11 -- admin_ygn

    ပြည်ပဲဈေးကွက်မှာ ဆောင်းပဲများအနေဖြင့် ပြည်ပဝယ်လက်ပဲများဖြစ်သော မတ်ပဲနဲ့ ပဲစင်းငုံသီးနှံအဝင်များခဲ့သလို ပြည်တွင်းဝယ်လက်ပဲမှာလည်းကုလားပဲနဲ့ပဲကြီးသီးနှံများ ဝင်ရောက်မှုများခဲ့ပြီးဘိုကိတ်ပဲသီးနှံမှာတော့ ပဲသိပ် အဝင်မရှိတော့ဘဲ တစ်ရက်အိတ် ၅၀ ကျော်သာ ဝင်ရောက်လာပါတယ်။ဘိုကိတ်ပဲကို ရန်ကုန် အဝယ်ရှိသလို ဒေသတွင်းဝယ်လက်များလည်း ဝယ်ယူလျက်ရှိခဲ့ပါတယ်။ ပဲဈေးနှုန်းမှာတစ်တင်း ၂၁၀၀၀ ကျပ်ဖြင့် ပဲသစ်ပေါ်စအချိန်က ဈေးထက် ဈေးလျော့နည်းသွားပေမယ့် ယခင်နှစ်က မတ်လအတွင်း ရရှိခဲ့သော ဈေးထက်တော့ ဈေးပိုရခဲ့ပါတယ်။   ယခင်နှစ်က မတ်လအတွင်း ရရှိခဲ့သော ပဲလွန်း ဖြူဈေးမှာ တစ်တင်း ၁၅၅၀၀ ကျပ်သာ ရရှိတယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း-ပြည်