ပဲခူးငါးချဉ် ဈေးနှုန်းစျေးကွက်အခြေအနေ

Thu, 08/22/2024 - 05:05 -- mocadmin

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်ဒေသထွက်ကုန်အနေဖြင့် ငါးချဉ်လုပ်ငန်းအား တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပြီး ပဲခူးမြို့အခြေပြု ထုတ်လုပ်ရောင်းချလျက်ရှိသော ငါးချဉ်အမှတ်တံဆိပ်များတွင် ငွေငါး၊ ပဲခူး(မနီ)၊ အေးမိစံ၊ ကမ္ဘာကျော်၊ ကောင်းထက်စံ၊ ပဲခူးအောင်၊ မမွန်လေး၊ မနိုင်၊ ကျော်ကြား၊ ရွှေဟင်္သာစသည့် တံဆိပ်အသီးသီးဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

ငါးချဉ်ပြုလုပ်ရာတွင် အဓိကအသုံးပြုသည့် ငါးအမျိုးအစားမှာ ငါးဖယ်ဖြစ်ပြီး ငါးဖယ်ရှားပါးသော အချိန်ကာလများတွင် ငါးမြစ်ချင်းငါးကို အစားထိုးထုတ်လုပ်ကြပြီး ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ငါးများကို ပဲခူးမြို့ရှိငါးဒိုင်များမှ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊  ငါးချဉ်ထုပ်ပိုးရာတွင် အသုံးပြုသည့် တောင်စွန်းဖက်ရွက်များကို အရွက်ကြီးလျှင် ငါးချပ်၊ အရွက်သေးလျှင် သုံးချပ်ခန့်ဖြင့်ဝယ်ယူ၍ ငါးချဉ် တစ်ထုပ်လျှင် ငါးချဉ် ၈ ကျပ်သားခန့်ပါရှိကာ တောင်စွန်းဖက် သုံးရွက်ခန့်အသုံးပြု၍ ထုပ်ပိုးရောင်းချ ကြောင်း သိရသည်။

ငါးချဉ်ထုတ်လုပ်သည့် လုပ်ငန်းငယ်တစ်ခုတွင် တစ်ရက်လျှင် ငါးပိဿာချိန် ၁၀ မှ ၉၀ အထိ အသုံးပြု၍ ငါးချဉ်ထုတ်လုပ်နိုင်ပြီး ငါးပိဿာချိန် ၁၀ လျှင် ငါးချဉ် ၁၀ ကျပ်သားပါ အထုပ်အရေ အတွက် ၂၀၀ ခန့်ထွက်ရှိပြီး ငွေကျပ် ၃ သိန်းခွဲခန့် ကုန်ကျကြောင်း၊ စျေးနှုန်းအနေဖြင့် သြဂုတ်လ၊ တတိယပတ်တွင် ငါးချဉ် ၁၀ ကျပ်သား ၂ ထုပ်ပါ တစ်ဘူးလျှင် ငွေကျပ် ၄,၀၀၀၊ ပုစွန်ချဉ် ၁၀ ကျပ် သား ၂ ထုပ်ပါ တစ်ဘူးလျှင် ငွေကျပ် ၄,၅၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ငါးပိဿာချိန် ၁၀ အသုံး ပြုပြီး ငါးချဉ်ထုတ်လုပ်နိုင်ပါက ငွေကျပ် ၅၀,၀၀၀ အကျိုးအမြတ်ရရှိကြောင်း၊ စျေးကွက်အနေဖြင့် ဒေသတွင်းရှိ ဘုရားကြီး၊ မဒေါက်၊ ရွှေကျင်၊ ဒိုက်ဦး၊ ဝေါ၊ ပြွန်တန်ဆာစသည့် မြို့များသို့ တင်ပို့ ရောင်းချမှုအပြင် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချလျက်ရှိရာ ဝယ်ယူသုံးစွဲမှု မြင့်တက်လျက်ရှိ ကြောင်း သိရှိရသည်။          

DOCA(ပဲခူး)