ပင်လယ်ရေကြောင်းလမ်းမှ နနွင်းတင်ပို့မှုလျော့

Fri, 07/28/2017 - 06:57 -- admin_ygn

ဇူလိုင် ၉ ရက်မှ   ၁၅ ရက်အထိ သီတင်းပတ်အတွင်း နနွင်း ၉၁ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် စင်ကာပူ နိုင်ငံသို့ ၁၆ တန်နဲ့ မလေးရှားနိုင်ငံသို့၇၅ တန် တင်ပို့ခဲ့တယ်လို့   သိရပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့နနွင်း တန်ချိန်၁၁၀ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ် ပတ်မှာ တန်ချိန် ၂၀ကျော် တင်ပို့မှု လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ် နနွင်းတင်ပို့မှုမှ   အမေရိကန် ဒေါ်လာ ၆၈၀၂၅ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။      
        သီတာဝင်း(DOT)

 

Local Trade News

Pages