နှစ်သစ်ကူးအလွန် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ်

Tue, 05/03/2016 - 09:08 -- admin_ygn

   နှစ်သစ်ကူးကာလအလွန် မုံရွာ ကုန်စည်ဒိုင် ပဲဈေးကွက်မှာExport  ဝယ်လက်၊  လုပ်ငန်းသုံးဝယ်လက်နဲ့ ပဲ လက်လီဝယ်လက်တွေသက်ဝင်စုံညီစွာ နဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။Export  အတွက် ရန်ကုန်ဝယ်လက်တွေပုံမှန်အဆွဲရှိခဲ့လို့ ပဲစင်းငုံနီ၊ မတ်ပဲနဲ့ပဲတီစိမ်းတို့ ဈေးဆက်လက်မာခဲ့ရာ ယခုတစ်ပတ်မှာငုံနီတစ်တင်း ၄၉၇၀၀ ကျပ်၊ မတ်ပဲတစ်တင်း ၅၃၅၀၀ ကျပ်နဲ့ စိမ်းကြီးတစ်တင်း ၃၅၀၀၀ ကျပ်အထိ ပေါက် ဈေးအမြင့်ဆုံးဖြစ်ပေါ်ခဲ့ ပြီး တစ်ရက်လျှင် ငုံနီအိတ် ၁၅၀၀ ခန့်၊ မတ်ပဲအိတ် ၃၀၀ ခန့်နဲ့ စိမ်းကြီးအိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်မှသိရပါတယ်။ငုံနီအနေနဲ့ဒေသခံကုန်သည် လှောင်လက်တွေဆီမှာ ပဲလက်ကျန်ရှိ သလိုတောင်သူတွေထံမှာလည်း လက်ကျန်ရှိနေပြီး၊ ပဲမပေါ်ခင်ကာလကြိုပွိုင့် ဈေး ၅၀၀၀၀ ကျပ်အထက်မျှော်မှန်းကာ ပစ္စည်းထိန်းနေဆဲလို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ပဲတီစိမ်းဈေးကွက်မှာတော့မုံရွာနဲ့  ချောင်းဦး နယ်တွေက ရေသွင်း ပဲတွေ အသစ်ပေါ်စပြုပြီးဈေးကွက်ထဲစတင်ဝင်ရောက်နေသလို ဝယ်လိုအားကောင်းနေတယ်လို့သိရပါတယ်။ကုလားပဲဈေးကွက်မှာတော့ Export မျှော်လင့်ချက်ကြောင့် ရန်ကုန်ဝယ်လက်အဝယ်နဲ့ မန္တလေး- မုံရွာပဲခွဲစက်၊  ကြာဆံစက်သမားတွေ မရှိမဖြစ်လုပ်ငန်းသုံး အဝယ်ပုံမှန်ရှိခဲ့ ပြီး၊ ပဲလက်လီပါ ဝယ်လိုအားကောင်းနေ တာမို့ဈေးဆက်လက်မာနေရာ V2 တစ်တင်း ၃၉၅၀၀ ကျပ်၊ ထိုင်ဝမ်တစ် တင်း ၃၆၃၀၀ ကျပ်နဲ့ 929 တစ်တင်း ၃၇၀၀၀ ကျပ် အသီးသီးအမြင့်ဆုံးဈေး ပေါက်ခဲ့တာ တွေ့ရပါတယ်။ကြာဆံအတွက်မရှိမဖြစ်ကုန် ကြမ်းဖြစ်သလို  ပြည်တွင်းပဲလက်လီအဝယ်ပုံမှန်ရှိတဲ့ စွန်တာနီမှာ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး လှောင်လက်နဲ့ ကုန်ကြမ်းအဝယ်ကြောင့် တစ်ရက်အိတ် ၅၀၀ ခန့် အရောင်းအဝယ် ဖြစ်နေတယ်လို့သိရပါတယ်။ ယခုရက်ပိုင်း ဒေသတွင်းပွဲတော်တွေများပြားခဲ့လို့ အလှော်၊ အကြော်လိုင်းက အဆွဲများ တဲ့အတွက်   ပဲကြီးဈေးအနည်းငယ် မြောက်လာကာ တစ်တင်း ၂၇၅၀၀ ကျပ်ပေါက်ဈေးဖြစ်ပေါ်ခဲ့တယ်။ကျန်ပဲလက်လီတွေအနေနဲ့  ယခု တစ်ပတ်မှာထောပတ်ပဲတစ်တင်း ၁၂၀၀၀ ကျပ်၊ ပဲပုပ်တစ်တင်း ၁၉၀၀၀ ကျပ်၊ ပုဂံပဲတစ်တင်း ၁၆၅၀၀ ကျပ်၊ မြေ ထောက်ပဲတစ်တင်း  ၁၈၂၀၀ ကျပ်နဲ့ ပဲယင်း(ဝါ) တစ်တင်း ၁၅၀၀၀ အသီး သီး  ပေါက်ဈေးငြိမ်နေကာ  အရောင်း အဝယ်ပုံမှန်ဖြစ်လျက်ရှိတယ်လို့ ကုန် စည်ဒိုင်ရပ်ကွက်က   လေ့လာသိရှိရပါတယ်။

ထွန်းလှိုင်-မုံရွာ