ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးကိရိယာများကိုကုန်သွယ်မှုပြုရာတွင် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများ လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များထုတ်ပြန်

Thu, 03/03/2016 - 03:38 -- admin_ygn

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍအတွက် အဓိက အရေး ကြီးပြီး ဈေးကွက်လိုအပ်ချက်ရှိသည့် ''ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ် ဆေး၊ ဆေးရုံသုံး ကိရိယာ များ'' စသည့် ကုန်ပစ္စည်း လေးမျိုးကို  တင်သွင်း နိုင်ရန်  နိုင်ငံခြားဖက်စပ် ကုမ္ပဏီများအား  ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက် ရက်စွဲပါ ''အမိန့်ကြော်ငြာစာ ၉၆/၂၀၁၅'' ဖြင့်ခွင့်ပြုခဲ့ပြီးဖြစ်ပါ တယ်။ယခုအခါ  နိုင်ငံခြား ဖက်စပ်ကုမ္ပဏီများအနေနဲ့  ဖော်ပြပါ ကုန်ပစ္စည်းလေးမျိုးကို ကုန်သွယ်မှုပြုရာတွင် လိုက်နာဆောင်ရွက် ရမည့် သတ်မှတ်ချက်များကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်စွဲ ပါ  အမိန့်ကြော်ငြာစာ ၁၁/၂၀၁၆ နှင့် ထုတ်ပြန် လိုက်ကြောင်း သိရပါတယ်။အဆိုပါအမိန့်ကြော်ငြာစာမှာ  ဖက်စပ်ကုမ္ပဏီသည်  ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်ခွင့်ရှိသည့်   ကုမ္ပဏီဖြစ်ရမည်ဖြစ်ကြောင်း၊  ကုမ္ပဏီ မှတ်ပုံတင်စဉ် ခွင့်ပြုပေးသည့်   ဖက်စပ်ကုမ္ပဏီများ၏ Equity    အချိုးအရ ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဖက်စပ်လုပ်ငန်းဆောင်ရွက်သည့်  နိုင်ငံခြား ကုမ္ပဏီများအနေဖြင့်  ၎င်းင်းတို့တရားဝင် ယူဆောင်လာသည့် နိုင်ငံခြားငွေ ပမာဏအတိုင်းသာ ကုန်သွယ်မှုပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဖက်စပ်ကုမ္ပဏီ အား ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံ သုံးကိရိယာများစသည့် ကုန်ပစ္စည်းလေးမျိုးကို လက်လီ/လက်ကား ရောင်းချခွင့်ပြုမည်ဖြစ် ကြောင်း၊  ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်   လာရောက် လျှောက်ထားပါက  ရင်းနှီးမြှုပ်နှံမှုနှင့်   ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ  ထုတ်ပေးသည့် Form 6/26  နှင့်အတူ   Bank Statement တို့အား တင်ပြရမည်ဖြစ်ကြောင်း၊ သွင်းကုန်လိုင်စင် လျှောက်ထားရာတွင်  ဓာတ် မြေသြဇာ၊  မျိုးစေ့၊ ပိုးသတ်ဆေးတင်သွင်းမှုအတွက်   လယ်ယာစိုက်ပျိုး ရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန၏  ထောက်ခံချက်ဖြင့်လည်းကောင်း၊ ဆေးရုံသုံး ကိရိ ယာများ  တင်သွင်းမှုအတွက်    ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏  ထောက်ခံချက်ဖြင့် လည်းကောင်း ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။
အမိန့်ကြော်ငြာစာ  အမှတ် ၉၆/၂၀၁၅ ကိုထုတ်ပြန်ကြေညာ ခဲ့စဉ်က   မြန်မာကုမ္ပဏီများနှင့်  ဖက်စပ်ဆောင်ရွက်သည့် နိုင်ငံခြား ကုမ္ပဏီများသာ တင်သွင်းခွင့်ရှိမည်ဖြစ်ပြီး ဖက်စပ်လုပ်ငန်း ဆောင်ရွက် သည့် နိုင်ငံသား  ကုမ္ပဏီများအနေဖြင့်  ၎င်းင်းတို့တရားဝင်ယူဆောင်လာသော နိုင်ငံခြားငွေပမာဏအတိုင်းသာ  ကုန်သွယ်မှုပြုလုပ်ရန်၊ နိုင်ငံခြားဖက်စပ်  ကုမ္ပဏီများအား  ယခုခွင့်ပြုထားသည့် ကုန်ပစ္စည်းများကို  ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ရာတွင်  လက်ရှိပြည်တွင်း ကုမ္ပဏီများကို  သတ်မှတ် ခွင့်ပြုထားသည့်  လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်နဲ့ နိုင်ငံခြား ဖက်စပ်ကုမ္ပဏီများအား  ကုန်သွယ်ခွင့်ပြုထားတဲ့ကုန်ပစ္စည်းများစာရင်း ကို ပြည်တွင်းလိုအပ်ချက်၊ ဈေးကွက်အနေအထား၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများရဲ့  အခြေအနေ စသည်တို့ပေါ်မူတည်၍  လိုအပ်သလို ပြောင်းလဲပြင်ဆင်သွားမယ်လို့  ဖော်ပြထားပါတယ်။      

      MIRT

Local Trade News

Pages