ကျောက်ဆည်ခရိုင်၌ နှံစားပြောင်းသီးနှံ စိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Mon, 08/05/2024 - 08:50 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ ရာသီအလိုက်သီးနှံများကို စိုက်ပျိုးလျက်ရှိရာ စီးပွားဖြစ်ဝင်ငွေတိုး၍ ကျွဲစာ၊ နွားစာများအတွက် ဖူလုံသော နှံစားပြောင်းသီးနှံ စိုက်ပျိုးကြကြောင်း၊ ကျောက်ဆည်ခရိုင်အတွင်း နှံစား‌ပြောင်း ၁၉၉၉ ဧက စိုက်ပျိုးထားရှိရာ ကျောက်ဆည်မြို့နယ်၌ ၁၇၁၈ ဧကနှင့် မြစ်သားမြို့နယ်၌ ၂၈၁ ဧက စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   နှံစားပြောင်းသီးနှံကို ဇူလိုင်လ၊ ဒုတိယပတ်တွင် စတင်စိုက်ပျိုးပြီး လေးလအကြာ နိုဝင်ဘာ လဆန်းတွင် စတင်ထွက်ရှိကြောင်း၊ ထွက်တိုးနီနှင့် ထွက်တိုးဖြူမျိုးများကို စိုက်ပျိုးကြပြီး စိုက်ပျိုးမှု အတွက် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ငွေကျပ် ၂၅၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခုနှစ် နှံစားပြောင်းများ ထွက်ပေါ်ချိန်တွင် အရည်အသွေးကောင်းမွန်၍ ဈေးနှုန်း ကောင်းမွန်ပါက အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဟု ခန့်မှန်းထားရှိပြီး ယခုအချိန်အထိ နှံစားပြောင်း များ ထွက်ပေါ်ခြင်း မရှိသေးကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၃၅-၄၀ တင်းခန့်ထွက်ရှိပြီး ဒေသ တွင်း ပွဲရုံများသို့ တင်ပို့ရောင်းချရကြောင်း၊ လက်ရှိအချိန်တွင် ဈေးကွက်၌ ယခင်နှစ်ကထွက်ရှိခဲ့သည့် နှံစားပြောင်းများ တစ်တင်းလျှင် ငွေကျပ် ၃၅,၀၀၀ ဖြင့် အရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ သည်။

DOCA(မန္တလေး)

Local Trade News

Pages