ကုန်ကျစရိတ်သက်သာပြီး မိသားစုဝင်ငွေတိုးစေသည့်နေကြာသီးနှံ

Tue, 10/03/2023 - 07:16 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သောမြေပဲနှင့် နှမ်းသီးနှံ တို့ကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး နေကြာသီးနှံအား တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရ သည်။ ခရိုင်အတွင်းတွင် (မိုး)နေကြာ စိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၂၈၉၂) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၅၂၅) ဧကနှင့် မြစ်သားမြို့နယ်တွင် (၃၆၀) ဧကစိုက်ပျိုးပြီး စုစုပေါင်းစိုက်ဧက (၄၇၇၇) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်း များအရ သိရသည်။

   (မိုး)နေကြာစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် (၂၃၀၀၀၀/-)ကျပ်ခန့် ကုန်ကျ ပြီး တစ်ဧကအထွက်နှုန်း အနေဖြင့် (၂၅-၃၀)တင်းအထိ ထွက်ရှိကြောင်း၊ နေကြာဈေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၄၅,၀၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၆,၅၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျက် ရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၇၀၀,၀၀၀)ခန့် ရရှိသောကြောင့် တောင်သူများ အနေဖြင့် ကုန်ကျစရိတ်သက်သာပြီး မိသားစုဝင်ငွေတိုးသည့်အပြင် စားသုံးဆီဖူလုံမှုရရှိသဖြင့် စိုက်ပျိုးသင့် သော သီးနှံဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)