ဧပြီလအတွင်း အိန္ဒိယပုဂ္ဂလိက ကဏ္ဍ လုပ်ငန်းဖွံ့ဖြိုးမှုနှုန်းနှေးကွေး

Wed, 05/11/2016 - 08:39 -- admin_ygn

ကုန်ချောထုတ်လုပ်မှု  လုပ်ငန်း အတော်များများ   တုံ့ဆိုင်းနေချိန်မှာ   ဝန်ဆောင်မှုကဏ္ဍ   စီးပွားရေးလုပ်ငန်း များရဲ့ ဝင်ငွေရရှိမှုနှုန်းကပါ  နှေးကွေး နေတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ ပုဂ္ဂလိက ဝန်ဆောင်မှုကဏ္ဍရဲ့  လုပ်ငန်းဆောင် ရွက်မှုများက ဧပြီအတွင်းမှာ အေးနေပါ တယ်။ ဒါကြောင့် အိန္ဒိယဗဟိုဘဏ်က အတိုးနှုန်း   ထပ်မံလျှော့ချတာကို ကန့် ကွက်မှုများရှိနေကြောင်း ကက်ရှ်မီးယား မော်နီတာ    ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြပါတယ်။
ကုန်ချောထုတ်လုပ်မှုနဲ့     ဝန် ဆောင်မှုကဏ္ဍများကို တိုင်းတာဖော်ပြ တဲ့ အညွှန်းကိန်းတစ်ခုဖြစ်တဲ့ Nikkei India  Composit PMI Output  Index က မတ်လအတွင်းက ၃၇ လအတွင်း အမြင့်ဆုံးဖြစ်တဲ့ ၅၄ ဒသမ ၃ မှတ်ကနေ ဧပြီမှာ ၅၂ ဒသမ ၈ မှတ်အထိကျဆင်း ခဲ့ပါတယ်။   ဒါဟာ     တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပုဂ္ဂလိကကဏ္ဍရဲ့ တိုးတက်မှုနှုန်း အားနည်းနေတာကို ပြသလျက်ရှိပါ တယ်။''မတ်အတွင်းက အိန္ဒိယပုဂ္ဂလိက ကဏ္ဍ ရဲ့ ဖွံ့ဖြိုးတိုးတက် မှုနှုန်း ကသုံးနှစ် ကျော်ကာလအတွင်း    အရှိန်အဟုန် အမြင့်ဆုံးအဖြစ် မြင့်တက်ခဲ့ရာမှ ဧပြီမှာ ပြန်လည်ကျဆင်းခဲ့ပါတယ်''လို့ စစ်တမ်း ပြုစုတဲ့ မားကက်အေဂျင်စီမှ စီးပွားရေး ပညာရှင်ပိုဂျန်နာ    ဒီလီမာက   ပြောပါ တယ်။ ဝယ်လိုအားတွေလျော့ ကျနေချိန် မှာ ကုန်ချောထုတ်လုပ်သူတွေက လုပ် ငန်းတွေ     တိုးတက်ခိုင်မာအောင် ဆောင်ရွက်ရာမှာ အဆမတန်ရုန်းကန် ဆောင်ရွက်နေရကြောင်း လီမာကပြော ပါတယ်။ စီးပွားရေးလုပ်ငန်းအညွှန်း ကိန်း ဖြစ်တဲ့   Nikkei Services Business Activity Index ကလည်း မတ်မှာ ၅၄ ဒသမ ၃ မှတ်ရှိရာမှာ ဧပြီမှ ၅၃ ဒသမ ၇ မှတ်အထိ ကျဆင်းခဲ့ပါတယ်။