ဥရောပသမဂ္ဂက ထောက်ပံ့သည့် ငွေယူရိုသန်း ၃၀ ခန့်ကို ဒတ်ချ်တောင်သူများ လက်ခံရရှိမည်

Mon, 09/28/2015 - 13:18 -- admin_ygn

နို့ဈေးနှုန်းများနှင့်ဝက်သားဈေး နှုန်းများ အလွန်အမင်း ကျဆင်းနေမှုကို တွေ့ကြုံခံစားနေရသည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ တောင်သူများအား '' စိုက်ပျိုးရေးဆိုင်ရာထောက်ပံ့ငွေ အဖြစ် ''ယူရိုသန်း ၅၀၀ ခန့် ထပ်မံ ထောက်ပံ့ရန် ဥရောပသမဂ္ဂက ရည် မှန်းထားပါသည်။ထိုသို့ ဥရောပသမဂ္ဂက ထပ်မံ ထောက်ပံ့ ရန် ရည်မှန်းထားသည့်  ဘဏ္ဍာငွေအနက် ယူရို ၂၉ ဒသမ ၉ သန်းခန့်အား ဒတ်ချ်တောင်သူများ လက်ခံရရှိနိုင်ကြောင်း ''The Volk - skrant"  သတင်းအေဂျင်စီ၏ သတင်း ထုတ်ပြန်ချက်တစ်ရပ်အရ သိရှိရပါ သည်ယူကရိန်းနိုင်ငံ အရေးနှင့် ပတ် သက် ၍ အနောက်နိုင်ငံ မှ ထုတ်ကုန်များ အပေါ် ရုရှားနိုင်ငံ၏ ကုန်သွယ်မှုဆိုင် ရာတန်ပြန်ပိတ်ဆို့မှုများကြောင့် ဝက်သားဈေးနှုန်းများ ကျဆင်းမှုနှင့် ဒတ်ချ်အစိုးရ ၏ တင်းကျပ်သော စည်း မျဉ်းများကြောင့် နယ်သာလန်နိုင်ငံရှိ ဝက်မွေးမြူရေးတောင်သူ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်သည် ငွေကြေးအကျပ် အတည်းများနှင့်ရင်ဆိုင်နေရပါသည်။ အလားတူရုရှားနိုင်ငံ၏ ကုန်သွယ်မှု  ဆိုင်ရာတန်ပြန်ပိတ်ဆို့မှုနှင့်အလွန် အမင်း နို့ထုတ်လုပ်မှုတို့ကြောင့် နယ်သာလန်နိုင်ငံရှိ နို့တောင်သူများ သည်လည်း အခက်အခဲမျိုးစုံနှင့်ရင်ဆိုင် နေရကြောင်း သိရှိရပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့