အမေရိကန်ပြည်ထောင်စု၏ ဇီဝဒီဇယ်တင်သွင်းမှုအပေါ် အီးယူက အခွန်ကောက်ခံမှုသက်တမ်း ထပ်မံတိုးမြှင့်

Mon, 09/28/2015 - 13:16 -- admin_ygn

 အီးယူသည် Archer Daniels Midland Company  နှင့် Cargill Inc.,  အပါအဝင် အမေရိကန်ပြည်ထောင်စု ရှိ ဇီဝဒီဇယ်  ထုတ်လုပ်ရေးကုမ္ပဏီ အမြောက်အမြားမှ   ဇီဝဒီဇယ်   တင် သွင်းမှုများအပေါ်    ၂၀၀၉   ခုနှစ်မှစ၍ တန်ပြန်စုပုံခွန်နှင့်   တန်ပြန်ထောက်ပံ့ ကြေးကောက်ခံခွန်တို့ကို     သတ်မှတ် ကောက်ခံလျက်ရှိပါသည်။  ယင်းကဲ့သို့ ကောက်ခံလျက်ရှိသော အခွန်များအား သက်တမ်းထပ်မံတိုးမြှင့်ကာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ေ၀ ခဲ့သည့် EU Official Journal တွင် ဖော်ပြထားချက်များအရ သိရှိရပါ သည်။ ထပ်မံတိုးမြှင့်လိုက်သော သက် တမ်းသည် စုစုပေါင်းငါးနှစ်ဖြစ်သည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့