သီးနှံကုန်စည်များပိုးသတ်မှိုင်းတိုက်ခြင်းဆိုင်ရာ မူဝါဒတစ်ရပ် ကင်းလွတ်ခွင့်ကို ယခုနှစ်ဇွန်လကုန်အထိ အိန္ဒိယကတိုးမြှင့်ပေးမည်

Tue, 01/23/2018 - 04:23 -- admin_ygn

     အိန္ဒိယအစိုးရသည် ကောက်ပဲသီးနှံကုန်စည်များအား Methyl bromide ဆေးဖြင့်သာ ပိုးသတ်မှိုင်းတိုက်ရန် သတ်မှတ်ချက်မူဝါဒ တစ်ရပ်အား ကင်းလွတ်ခွင့်ပြုခြင်းကို  ခြောက်လသက်တမ်းတိုးမြှင့် လိုက်ကြောင်း၊ သို့ရာတွင် Methyl bromide  သည်   အိုဇုန်းလွှာအား ထိခိုက်မှုရှိသည်ဆိုသည့်ယူဆချက်ကြောင့်  ယခုအခါ ကမ္ဘာ့နိုင်ငံ အများစု၌ အဆိုပါပိုးသတ်ဆေးအသုံးပြုခြင်းအားကန့်သတ်ခြင်း၊တား မြစ်ခြင်းများ ကိုပြုလုပ်နေပြီဖြစ်ကြောင်း သိရှိ ရသည်။
   ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ပိုင်းမှစ၍  ပင်ရင်းသက် သေခံ လက်မှတ် (country of origin) ၌Methyl bromide ဖြင့် ပိုးသတ် မှိုင်းတိုက်ထားကြောင်း  အထောက်အထားပါရှိသည့်သီးနှံကုန်စည် များကိုသာ  အိန္ဒိယ အနေဖြင့်လက်ခံမည်ဟု အိန္ဒိယနိုင်ငံ၏ အပင်ပိုးမွှားကာကွယ်ရေးဌာနတာဝန်ရှိသူတစ်ဦးက  အစောပိုင်းတွင်ပြော ကြားထားကြောင်း၊ ယင်းအချက်သည် အိန္ဒိယသို့တင်ပို့ရောင်းချနေသည့်  ကနေဒါမှပဲမျိုးစုံနှင့် ဥရောပနဲ့ ပင်လယ် နက်ဒေသတို့မှဂျုံများအတွက် ခြိမ်း ခြောက်မှုတစ်ရပ်ဖြစ်စေကြောင်း၊  ယခုကဲ့သို့သက်တမ်း တိုးမြှင့်လိုက်သည့်အတွက် လက်ရှိနှစ်၊ ပထမနှစ်ဝက်အထိMethyl bromide ဖြင့်ပိုးသတ်မှိုင်းတိုက်ခြင်း ပြုလုပ်မထားသည့် ကုန်စည်များ ကိုလည်းအိန္ဒိယကတင်သွင်းခွင့်ပြုမည်ဟု   အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက မီဒီယာသို့ပြောကြားခဲ့ ကြောင်း   သိရှိရပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူဒေလီမြို့