မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများရှာဖွေရန် Brussels Invest & Export စိတ်ဝင်စား

Thu, 12/04/2014 - 12:11 -- admin_ygn

   စီးပွားရေးလုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ဆိုင်ရာအကူအညီများပေးလျက်ရှိသည့် Brussels Invest & Export မှ Project Manager တစ်ဦးဖြစ်သူ Mr.Nayani သည် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ စီးပွားရေးဆိုင်ရာတာဝန်ရှိသူအား နိုဝင်ဘာ ၁၈ ရက်တွင် လာရောက်တွေ့ဆုံလျက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ အကြောင်း အား မေးမြန်းဆွေးနွေးခဲ့သည်။
  ဘရပ်ဆဲလ်မြို့မှ ရင်းနှီးမြှုပ်နှံသူများသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားကြောင်းနှင့် ၎င်းသည်ရင်းနှီးမြှုပ်နှံမှုပြုလုပ် လိုသူတစ်ဦးနှင့်အတူ မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် သွားရောက်၍ လေ့လာမှုများ ပြုလုပ်လိုသည့်အပြင် တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် လိုကြောင်းသိရှိရသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့