မဲဆောက်မြို့တွင် ပိုမိုဖွံ့ ဖြိုးတိုးတက်လာမည့် အရိပ်လက္ခဏာများရှိနေ

Mon, 11/30/2015 - 12:55 -- admin_ygn

ထိုင်းနိုင်ငံ အနောက်ပိုင်းပြည်နယ် ရှိ မဲဆောက်ခရိုင်သည် ဗီယက်နမ်၊ မြန်မာနိုင်ငံတို့နှင့် ဆက်သွယ်ထားသော အရှေ့-အနောက်စီးပွားရေးစြင်္ကံ၏ ဗဟို တွင် တည်ရှိပြီး မြန်မာနိုင်ငံ ရှိ မြဝတီမြို့ှနှင့် ညီအစ်မမြို့တော်(sister city) ဖြစ်နေ သည့်အတွက် အကျိုးခံစားရလျက်ရှိနေ ကြောင်း တာ့ခ်f  (Tack) ပြည်နယ် အုပ်ချုပ် ရေးမှူး မစ္စတာ ဆွမ်ချိုင်းက မကြာသေး ခင် က ပြောကြားခဲ့ပါသည်။အထူးစီးပွားရေးဇုန်များ တည် ဆောက်ရာတွင် မဲဆောက်အပါအဝင် ခရိုင်သုံးခုရှိ မြို့နယ် ၁၄ မြို့နယ် ပါဝင် မည်ဖြစ်ရာ တာ့ခ်ပြည်နယ်၏ အလား အလာ သည် မြင့်မားလာမည် ဖြစ် ကြောင်း၊ တရုတ်(တိုင်ပေ)မှ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် လာမည့်လ တွင် မဲဆောက်၏ စီးပွားရေး အခွင့် အလမ်းများကို လာရောက်လေ့လာ မည် ဖြစ်ကြောင်း၊ ကိုရီးယားကုမ္ပဏီများသည် လည်း အလှပြုပြင်သည့် စီးပွားရေးလုပ် ငန်းများ၊ ဂေါက်ကွင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိနေ ကြောင်း မစ္စတာဆွမ်ချိုင်း က ပြောကြား ခဲ့ပါသည်။ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေပြေ စီးဝင်မှုများရှိစေရန် မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ကျွမ်းကျင် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်း ဆောင် ရွက်နို င်ရန် ထိုင်း-မြန်မာ အလုပ်သမား ဖွံ့ဖြိုးရေးစင်တာတည် ထောင် မည်ဖြစ်ကြောင်း သိရှိရပါသည်။မဲဆောက်တွင် ''နယ်စပ်''ဟူသော ဝေါဟာရ သည် တဖြည်းဖြည်း မှေး မှိန် ပျောက် ကွယ် သွားနိုင်ကြောင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းစီးပွား ရေးလုပ်ငန်းများဟူ၍ စီးပွားရေး လုပ်ငန်း နှစ်လွှာ ဖြစ်ပေါ်လာနိုင်ကြောင်းKasikorn bank မှ စီစဉ်ကျင်းပ သည့် ဆွေးနွေး ပွဲ၌ မစ္စတာဆွမ်ချိုင်းကပြော ကြားခဲ့ပါသည်။ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု အလားအလာများ ရှိနေသော မဲဆောက် ရှိ ပုဂ္ဂလိကကဏ္ဍသည် စိတ်အားတက် ကြွလျက်ရှိ ကြကြောင်း၊ နယ်စပ်မြို့ဖြစ် သည့် မဲဆောက်တွင် မော်တော်ကား အရောင်းပြခန်းများ ံHomePro  နှင့် မကြာခင်စတင်ဖွင့်လှစ်မည့်Robinson  ကဲ့သို့သော လက်လီအရောင်းလုပ် ငန်း များ မြင့်တက်လျက်ရှိကြောင်း၊ ထိုင်းဘဏ်များ အားလုံးနီးပါးသည်လည်း ဘဏ်ခွဲများ ဖွင့်ပြီးဖြစ်ကြောင်း သိရှိရပါသည်။အကောက်ခွန်ဦးစီးဌာန၏ စာရင်းများ အရ မြန်မာ-ထိုင်းနယ်စပ်ရှိ အမြဲတမ်း စစ်ဆေးရေးဂိတ်များအနက် မဲဆောက်သည် အလုပ်အများဆုံးဂိတ် ဖြစ်ကြောင်း၊ ယခုနှစ် ပထမရှစ်လအတွင်း မဲဆောက်ဂိတ်မှ မြန်မာနိုင်ငံသို့ တင်ပို့မှု သည် ဘတ် ၄၂ ဘီလီယံရှိခဲ့ကြောင်း၊ စုစုပေါင်း မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ် မှု၏ ၆၆ရာခိုင်နှုန်းခန့်ရှိကြောင်းသိရှိရပါ သည်။ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ဒုတိယမြောက် မြန်မာ-ထိုင်း ချစ်ကြည် ရေး တံ တား ဖွင့်လှစ်ပြီးပါက စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာမည်ဟု မျှော် လင့်ထားကြပါသည်။ကရင်ပြည်နယ်တောင်ပိုင်းရှိ မြဝတီ၊ ကော့ကရိတ်မြို့များသို့ ဆက် သွယ်ထားသော လမ်းကိုတိုးတက် ကောင်း မွန်စေရေးအတွက် ထိုင်းနိုင်ငံဘက်မှ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ထို့ပြငGMS ၏ အရှေ့-အနောက် စြင်္ကံတွင် လွတ်နေသော အပိုင်းဖြစ်သည့် အိန္ဒုနှင့်  ကော့ကရိတ်မြို့များကို ဆက်သွယ်သည့် ၆၆ ကီလိုမီတာ လမ်းပိုင်းအတွက် အာရှ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေအမေရိကန် ဒေါ်လာသန်း ၁၀၀ (ဘတ် ၃ ဒသမ ၆ ထရီလီယံ) ကို ပြီးခဲ့သည့် ရက်သတ္တပတ် က အတည်ပြုပေးခဲ့ကြောင်း သိရှိရပါ သည်။မဲဆောက်ဂိတ်မှတစ်ဆင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုသည် ယခင်ကထက် ပိုမိုလျင်မြန်စွာ တိုးတက်လာ မည် ဖြစ်  ကြောင်း ၊ ပြီးခဲ့သည့် ငါးနှစ်အတွင်း လေးဆ နီးပါးမြင့်တက်ခဲ့ကြောင်း၊ ၂၀၁၁ ဘဏ္ဍာနှစ်တွင် ဘတ် ၁၇ ဒသမ ၄၉ ဘီလီယံရှိခဲ့သော နှစ်နိုင်ငံနယ်စပ်ကုန် သွယ်မှုပမာဏသည် ၂၀၁၅ ဘဏ္ဍာနှစ် တွင် ဘတ် ၆၄ ဒသမ ၂၄ ဘီလီယံထိ မြင့်တက်ခဲ့ကြောင်း၊ မဲဆောက် အကောက်ခွန်ဦးစီးဌာန၏ အကြီးအကဲ မစ္စတာကစ်တီကပြောကြားခဲ့ပါသည်။ထိုင်းနိုင် ငံ အစိုးရ အနေဖြင့် အထူး စီးပွားရေးဇုန် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ထိုင်းနိုင်ငံထုတ် ကုန်စည် များ ပိုမိုတင်ပို့နိုင်မည်ဟု မျှော်လင့်ထား ကြောင်း၊ ဒေသခံစီးပွားရေးလုပ်ငန်းများ သည် ယှဉ်ပြိုင်မှုနှင့်ပတ်သက်၍ စိုးရိမ် လျက်ရှိပြီး အထူးစီးပွားရေးဇုန်သို့ ပြောင်း ရွှေ့ရန် သင့်^မသင့် စဉ်းစားလျက်ရှိ ကြောင်း၊ ထို့ပြင်အလုပ်သမားရှားပါး မှု  ဖြစ်ပေါ်နိုင်ခြင်းနှင့်ပတ်သက်၍ လည်း စိုးရိမ်လျက်ရှိကြကြောင်း၊ မဲဆောက်ရှိ လုပ်သားအင်အား၏ ၅၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရှိရ ပါသည်။

ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့

 

International Trade News

Pages