ပြည်တွင်းဂျုံဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ဂျုံတင်သွင်းမှုအပေါ် စည်းကြပ်ကောက်ခံသည့် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်းအား အိန္ဒိယအစိုးရက ထပ်မံဖယ်ရှား

Tue, 01/03/2017 - 06:49 -- admin_ygn

အိန္ဒိယနိုင်ငံတွင် နှစ်နှစ် ဆက် တိုက် မိုးခေါင်ရေရှားမှု ခံစား ခဲ့ရပြီး နောက်ဆက်တွဲအဖြစ် ဂျုံအရန် သို လှောင်မှု ပမာဏများလျော့ကျလာခဲ့ ကြောင်း၊ ယခုအခါ ပြည်တွင်းဂျုံဈေး နှုန်းများ မြင့်တက်လာသည့်အတွက် အိန္ဒိယ အစိုးရ သည် ဂျုံတင်သွင်းမှုအပေါ် စည်းကြပ်ကောက်ခံသည့် သွင်း ကုန်ခွန် ၁၀ ရာခိုင်နှုန်းအား ဒီဇင်ဘာ ၈ ရက်က ထပ်မံဖယ်ရှားပေးခဲ့ကြောင်း သိရှိရပါသည်။သြစတြေးလျ၊ ယူကရိန်းနှင့် ရုရှား နိုင်ငံတို့တွင်  ပုံမှန်ထက်  ဂျုံ အထွက် နှုန်းတိုးတက်ခဲ့ သော်လည်း တင်သွင်း မှု မြင့်တက် လာနိုင်ပြီး ကမ္ဘာ့ ဂျုံဈေးနှုန်း မှာလည်း သုံးရာခိုင်နှုန်းမှ ငါး ရာခိုင်နှုန်း အထိ မြင့်တက်လာမည်ဟု ကုန်သည် များက ခန့်မှန်းထားကြောင်း၊ သို့ရာတွင် အိန္ဒိယနိုင်ငံတွင် လက် ရှိ ဖြစ် ပေါ်နေ သည့် ဂျုံဈေးနှုန်းမှာ ခိုင်မာအားကောင်း လျက် ရှိ ရာ ပြည် တွင်းဈေးကွက်ရှိ ဈေးနှုန်း ထက် ပြည်ပမှတင်သွင်းခြင်းက ပိုမို သက်သာနေသေးကြောင်း၊ ယခုနှစ်အတွင်း ပြည်ပမှ ဂျုံတန်ချိန်ငါးသန်းခန့် တင်သွင်း မည်ဟု မျှော်မှန်းထားကြောင်း အိန္ဒိယကုန်သည်များ က ပြော ကြား ခဲ့ပါ သည်။ အိန္ဒိယအစိုးရသည် ပြီးခဲ့သည့် စက်တင်ဘာကလည်း ပြည်တွင်းဂျုံ ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ဂျုံတင် သွင်းမှုအပေါ် စည်းကြပ်ေ န သည့် သွင်းကုန်ခွန်နှုန်းထားအား ၂၅ ရာခိုင် နှုန်းမှ ၁၀ရာခိုင်နှုန်းသို့ လျှော့  ချ ခဲ့ ကြောင်း၊ အဆိုပါ သွင်းကုန်ခွန် ၁၀ရာခိုင်နှုန်းအား သုညရာခိုင်နှုန်းသို့ ယခုဆက်လက်၍ ထပ်မံလျှော့ချခြင်း ဖြစ်ကြောင်း၊ဒီဇင်ဘာ ၈ ရက်က အိန္ဒိယ ဘဏ္ဍာေ ရး ဝန်ကြီး အရန်ဂျိတ်တလေ က အောက် လွှတ်တော် တွင် ကြေ ညာ ခဲ့ပါ သည်။ အဆိုပါကြေညာချက်သည် စတင်ကြေညာသည့်နေ့တွင် ချက်ချင်း သက် ရောက်မည်ဖြစ်ပြီး ကြေညာချက် အကျုံး ဝင်သည့် နောက်ဆုံး ရက်ကိုမူ သတ်မှတ် ထည့်သွင်း ဖော်ပြထားခြင်း မရှိကြောင်း သိရှိရပါ သည်။ အိန္ဒိယနိုင်ငံတွင် ထိုကဲ့သို့ ဂျုံ တင်သွင်းမှုအပေါ် သွင်းကုန်ခွန်လျှော့ ချလိုက်သည့်အတွက် ပြည်ပမှဂျုံတင် သွင်းမှုများ မြင့်တက် လာနိုင်ပြီး ပြည် တွင်း ဂျုံဈေးနှုန်းကျဆင်းလာစေနိုင် ကြောင်း၊ ထိုမျှသာမက စားသောက် ကုန်ေ ဈးနှုန်း ဖောင်းပွမှုကိုထိန်းချုပ် ရာ၌လည်း အထောက်အကူဖြစ်စေနိုင် ကြောင်း၊ လာမည့်နှစ်ရက် သုံးရက် အတွင်း ဂျုံဈေးနှုန်းများမှာ တစ်ကီလို ဂရမ်လျှင် ယခင် ဈေးနှုန်း ၂၁ ဒသမ ၅၀ရူပီးမှ ၂၀ ရူပီးအထိ ကျဆင်းမည် ဟု မျှော် လင့် ထားကြောင်း၊ ပြီးခဲ့သည့် နှစ် တစ်နှစ်လုံး  ဂျုံတစ်ကီလိုဂရမ်လျှင် ၁၇ ရူပီးဝန်းကျင်ဖြင့်သာ ရောင်းချခဲ့ကြောင်း သိရှိရပါ သည်။ဂျုံ လုပ်ငန်းရှင်များ၏ ခန့်မှန်း ချက်များအရ အိန္ဒိယနိုင်ငံတွင် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ စ၍ ဂျုံ တန်ချိန် ၂ ဒသမ ၁ သန်းဝန်းကျင်ခန့် တင်သွင်း ထားခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ပြင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၁၅ မှ ၂၄၀ နှုန်း ထား အတွင်း စာချုပ်ချုပ်ဆို ဝယ်ယူ ထားသည့် ဂျုံ တန်ချိန် ၆ ဒသမ ၅ သိန်း ခန့်မှာလည်း ၂၀၁၇ ခုနှစ် ဖေဖော် ဝါရီလတွင် အိန္ဒိယဆိပ်ကမ်းများသို့ ရောက်ရှိလာဖွယ်ရှိကြောင်း၊ ထိုမျှ သာမက ယူကရိန်းနှင့် ရုရှားနိုင်ငံတို့မှ တင်သွင်းမည့် တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၁၉၇  မှ ၂၁၂ ဝန်းကျင် ပေးချေရ သည့် ဂျုံ တန်ချိန် ခြောက်သိန်း မှာလည်း အလားတူကာလတွင် ရောက် ရှိလာနိုင်ကြောင်း၊ လက်ရှိတွင် အိန္ဒိယ နိုင်ငံထွက်ဂျုံများအား  တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၃၁၆ မှ ၃၂၀ ဝန်းကျင်နှုန်းဖြင့်ရောင်းချနေကြောင်း သိရှိရ ပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages