ထိုင်းစီးပွားရေးကိုမြှင့်တင်ရန် လုပ်သား ၁၃ သန်းကို လုပ်ငန်းသင်တန်းပေးရန် လိုအပ်

Thu, 01/25/2018 - 06:29 -- admin_ygn

    ထိုင်းနိုင်ငံ၏စီးပွားရေးကို မြှင့်တင်ရန်နှင့်  တိုင်းပြည်ဝင် ငွေကို အလယ်အလတ်အဆင့်မှ ထပ်မံတိုးတက်အောင်ဆောင် ရွက်ရာတွင် တွေ့ကြုံရမည့်အခက်အခဲများမှ လွတ်မြောက်စေ ရန်အတွက် ထိုင်းနိုင်ငံသည် လုပ်သား ၁၃ သန်းကို ကျွမ်းကျင် လုပ်သားများအဖြစ် လေ့ကျင့်ပေးရန်လိုကြောင်း ပြည်တွင်း၊ ပြည်ပရှိ စီးပွားရေးပညာရှင်များက ခန့်မှန်းကြသည်။ထိုင်းနိုင်ငံက စက်မှုလုပ်ငန်းတိုးတက်မှုစတုတ္ထအဆင့် သို့ရောက်ရှိရန် တက်လှမ်းနေ ချိန် တွင်လုပ်သားအင်အားကိုအဆင့်မြှင့်တင်ရေးမှာ အဓိကကျသော စိန်ခေါ်မှုတစ်ခုဖြစ် ကြောင်း ''ထိုင်းနိုင်ငံကို ဒီဇိုင်းပြန်လည်ရေးဆွဲခြင်း''  (Re-Design Thailand) ခေါင်းစဉ်ဖြင့် သမ္မာဆက်တက္ကသိုလ် ဘောဂဗေဒဌာန ကပြု လု ပ်သော နှီးနှောဖလှယ်ပွဲတွင် စီးပွား ရေး ပါမောက္ခကီယာတာနန် သာလောင်ကာယူးကပြောသည်။ထိုင်းနိုင်ငံရှိ ကျွမ်းကျင်လုပ်သားအချိုးအစားမှာ စုစု ပေါင်း လုပ်သားအင်အား၏၁၄ ဒသမ ၄ ရာခိုင်နှုန်းသာရှိ ကြောင်း ၂၀ ၁၆  ခုနှစ် လူသားအရင်းအမြစ်အစီရင်ခံစာတွင် ဖော်ပြသည်။အဆိုပါအချိုးအစားမှာစင်ကာပူ၊ဆွီဒင်၊ဖင်လန်နှင့် ဂျာမနီတို့ကဲ့သို့သော စက်မှုလုပ်ငန်းတိုးတက်မှု စတုတ္ထအဆင့်သို့တက်လှမ်းလျက်ရှိသော နိုင်ငံများနှင့်  နှိုင်းယှဉ် လျှင် သိသိသာသာနိမ့်ကျလျက်ရှိသည်။  အဆိုပါနိုင်ငံ များ၏ ကျွမ်းကျင်လုပ်သားအချိုးမှာ ၄၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိရှိကြောင်း ပါမောက္ခကပြောသည်။အစီရင်ခံစာအရ ထိုင်းနိုင်ငံ၏လုပ်သား ၁၂ ဒသမ ၈၁ သန်းကို ကျွမ်း ကျင် လုပ်သားများအဖြစ်  ပြောင်းလဲရန်လို ကြောင်းသိရသည်။ ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေး နိုင်ရေးအတွက် ထိုင်းနိုင်ငံက အသက်မွေးဝမ်းကျောင်းပညာ ရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ သို့သော် လည်း အရေအတွက်သာမက အရည်အသွေးပါ မြှင့်တင်ရန်လိုကြောင်း သူကပြောသည်။ထို့ကြောင့် အချို့အသက်မွေးဝမ်းကျောင်း ကောလိပ်များမှာ မိမိကျောင်းသားများကိုစက်ရုံများနှင့် တွဲဖက်၍လေ့ကျင့်ပေးနိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့ ဆောင်ရွက်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရန်လိုကြောင်း သူကပြောသည်။

ဉာဏ်တင်စုစည်းတင်ပြသည်