ထိုင်းအစိုးရအနေဖြင့် လူထုအခြေပြု စီးပွားရေးလုပ်ငန်းများအား e- commerce ဆိုင်ရာ အသိပညာရပ်များဖြန့် ဝေ

Fri, 07/02/2021 - 08:47 -- admin_ygn

စက်မှုမြှင့်တင်ရေးဦးစီးဌာနDepartment of Industrial Promotion (DIP)အနေဖြင့်လူထုအခြေပြု စီးပွားရေးလုပ်ငန်းများ Community Enter-prises အား e-Commerce  ဆိုင်ရာအသိပညာရပ်များ  ဖြန့်ဝေပေးခြင်းဖြင့် COVID-19ကပ်ရောဂါကာလအတွင်း ရှင်သန်နေထိုင်နိုင်စေရန်နှင့်ဈေးကွက် တွင် ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်စေရန်အတွက် အကူအညီ  အထောက်အပံ့ များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

DIP ၏ အဆိုအရ  ဇွန် ၁၁ ရက်မှ စတင်ကာ ငါးရက်ကြာ ဖွင့်လှစ်သင် ကြားမည့်Marketing Training and Consultancy သင်တန်းတွင်   ၎င်းတို့အား အွန်လိုင်းချယ်နယ်(Online Channels)များအား အသုံးပြုခွင့်ပေး၍ ၎င်းတို့၏ထုတ်ကုန်များအား ရောင်းချခွင့်ကို ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။အစိုးရအနေဖြင့် COVID-19ကပ်ရောဂါသက်ရောက်မှုကြောင့် ထိခိုက် ခံစားခဲ့ရသည့် လူထုအခြေပြုစီးပွားရေးလုပ်ငန်းများအား ကယ်တင်ရန် အကူ အညီပေးလိုကြောင်း၊ DIP ၏အကြီးအကဲPassakornChairat က ပြောကြားခဲ့ သည်။ ၎င်းက ယခ Virtual Eventပွဲမှာအထည်ချုပ်၊ အဝတ်အထည်၊ဆေးဖက် ဝင်အပင်များ၊   စားသုံးသူထုတ်ကုန်များ၊ အစားအစာ၊ အဖျော်ယမကာနှင့်ပရိ ဘောဂများ ထုတ်လုပ်သည့်လုပ်ငန်းများစသည့် များစွာသော စက်မှုလုပ်ငန်းစု အသီးသီးမှ လူထုအခြေပြုစီးပွားရေးလုပ်ငန်းပေါင်း ၁၄၀ခန့်  အိမ်ရှင်အဖြစ် တက်ရောက်ပြသကျင်းပကြမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

လူထုအခြေပြုစီးပွားရေးလုပ်ငန်းတစ်ခုဆိုသည်မှာအနီးအနား ပတ်ဝန်း ကျင်ရှိ တူညီသော စီးပွားရေးလုပ်ငန်းတစ်ခုကို အတူတစ်ကွ လုပ်ကိုင်ကြသော ရွာသူရွာသားများကို ဆိုလိုသည်။ ၎င်းကိုအစိုးရတွင် မှတ်ပုံတင်ခြင်းဖြင့် တည် ထောင်နိုင်ကြောင်း သိရှိရသည်။ စက်မှုဝန်ကြီးဌာနလက်အောက်တွင်  တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုအခြေပြုစီးပွားရေးလုပ်ငန်းပေါင်း၅၇၀ ခန့်ရှိ ကြောင်း သိရှိရသည်။ အသက်မွေးဝမ်းကျောင်းအတွက် ဝင်ငွေရရန် ရွာသူ ရွာသားများအား အတူတကွ စုရုံးရန်နှင့်စီးပွားရေးလုပ်ငန်းထူထောင်ရန် တိုက် တွန်းဆောင်ရွက်ခြင်းသည် အောင်မြင်နိုင်ကြောင်း၊ သို့ရာတွင် များစွာသော လူထုအခြေပြုစီးပွားရေးလုပ်ငန်းများအနေဖြင့် အနှောင့်အယှက်   အဟန့် အတားများနှင့် ကြုံတွေ့ရပါကြောင်း၊  များစွာသော လူထုအခြေပြုစီးပွားရေး လုပ်ငန်းများအနေဖြင့်   ဘဏ္ဍာရေးအဖွဲ့အစည်းများထံမှ ချေးငွေ(Soft loan)များ ရရှိခြင်းမရှိကြောင်း၊ အချို့မှာကုန်ကြမ်းနှင့် အလုပ်သမားမလုံလောက်မှု ပြဿနာများနှင့်   ရင်ဆိုင်ရုန်းကန်နေကြရကြောင်းDIP  ၏အဆိုအရ  သိရှိရ သည်။COVID-19 ကပ်ရောဂါတတိယလှိုင်း၏  ပိုမိုအားကောင်းလာမှုကြောင့် စားသုံးသူများ၏ဝယ်ယူနိုင်စွမ်း ကျဆင်းလာခြင်းကလည်း  ၎င်းတို့၏ပြဿနာ များကို ပိုမိုတိုးပွားလာစေကြောင်း၊ ရလဒ်အနေဖြင့် လူထုအခြေပြု စီးပွားရေး လုပ်ငန်းများအနေဖြင့် ရပ်တည်ရန် ခက်ခဲလာကြကြောင်း  ၎င်းက ပြောကြားခဲ့ သည်။အစိုးရအနေဖြင့် ကပ်ရောဂါကာလအတွင်း   တိုးတက်ကြီးထွားလာသော e-Commerce  အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်မှုနှင့်ဒီဂျစ်တယ်ကိရိယာ Tools  များဖြင့်  လူထုအခြေပြုစီးပွားရေးလုပ်ငန်းများ၏ရောင်းအား မြှင့်တင် ရန်နှင့်၎င်းတို့၏ထုတ်ကုန်များကိုပြည်ပဈေးကွက်များသို့   ချဲ့ထွင် ရောင်းချနိုင် ရေးအတွက်အကူအညီဖြစ်စေလိမ့်မည်ဟု  မျှော်လင့်ထားကြောင်းသိရသည်။

DIPအနေဖြင့်ဒေသခံလယ်သမားများကို   နည်းပညာအကူအညီဖြင့် သမားရိုးကျလယ်ယာစိုက်ပျိုးရေး Traditional Agricultural rS  Smart Agri-cultureမှ  ှာမေအ ဗါမင-ခကူအကမန သို့ကူးပြောင်းရန်အစိုးရ၏အစီအစဉ်နှင့်အညီ ဒေသခံလယ်သမား များကို   အကူအညီပေးရန်  အာရုံစိုက်လျက်ရှိကြောင်း   သိရှိရသည်။ အစိုးရ အနေဖြင့် ထိုင်းနိုင်ငံ၏Thailand 4.0 မူဝါဒနှင့်အညီ နည်းပညာတိုးတက်မှုနှင့် အဆင့်မြင့်ဝန်ဆောင်မှုလုပ်ငန်းများအဖြစ်သို့ အထူးဦးစားပေး စတင် ပြောင်း လဲခြင်းဖြင့် ထိုင်းနိုင်ငံ၏စီးပွားရေးလုပ်ငန်းများကို   ခေတ်မီစေချင်ကြောင်း သိရှိရသည်။                                    

   လွင်မျိုးဇော်(စီးပွားရေးသံမှူး)