တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ယမန်နှစ်ကာလတူထက် ကုန်သွယ်မှုပိုမို

Fri, 06/10/2022 - 08:07 -- admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ  တာချီလိတ်ကုန်သွယ်ရေးစခန်း မှ မေ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းတစ်ပတ်အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉၀ သန်းဖိုး တင်ပို့၍ သွင်းကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၈၆ သန်းဖိုး တင် သွင်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၇၆ သန်းဖိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အနီးစပ်ဆုံးယခင်တစ်ပတ်ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၉၆ သန်းလျော့နည်းခဲ့ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာသုည ဒသမ ၁၅၃ သန်း ပိုမိုခြင်းကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၄၃ သန်းလျော့နည်းခဲ့သည်။ ပို့ကုန်တင်ပို့မှု လျော့နည်းရခြင်းမှာ ကော်ဖီစေ့၊ ရော်ဘာစေး၊ လက်ဖက်ခြောက်၊ ချင်းခြောက်နှင့်အခြားပစ္စည်းများတင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်ပြီး သွင်းကုန်တင်ပို့မှု ပိုမိုရခြင်းမှာ သတ္တုကုန်ချော ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး နှင့် တပ်ဆင်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ သွပ်ပြား၊တာယာနှင့် ကျွတ်များ တင်သွင်းမှုပိုမိုခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါကပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈၆ သန်းနှင့် သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ၁ ဒသမ ၉၁၀ သန်းဖိုး ပိုမိုဆောင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏအမေရိကန် ဒေါ်လာ ၄ ဒသမ ၂၉၆ သန်းဖိုး ပိုမိုခဲ့ကြောင်း တာချီလိတ်ကုန်သွယ်ရေးစခန်းမှ သိရှိရသည်။
CJ