ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်တွင် လိုက်ပါဆောင်ရွက်မှု (၃)

Thu, 08/29/2019 - 07:03 -- ictuser

 

ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းတွင် အလေးပေးဆန်းစစ်သည့် အဓိကအချက်များ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းအစီရင်ခံစာတွင် ယေဘုယျအား ဖြင့်နိုင်ငံများ၏ ကိုယ်ပိုင်စီးပွားရေးမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အလေးပေးဆန်းစစ်မှု များ ပြုလုပ်ပါသည်။သို့ရာတွင် စီးပွားရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာလိုအပ်ချက်များ၊ မူဝါဒများနှင့် ရည်မှန်းချက်များနှင့် ရင်ဆိုင်နေရသည့် ပြင်ပစီးပွားရေးဝန်းကျင်ကိုလည်း ထည့်သွင်းစဉ်းစားလေ့ရှိပါသည်။ ထူးခြားချက်အနေဖြင့်အခြားသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများ၏နိုင်ငံမူဝါဒများအပေါ် ဆန်းစစ်လေ့လာသုံးသပ်ချက်(Peer Review)များသည်သက်ဆိုင်ရာအဖွဲ့ ဝင်နိုင်ငံကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို ပိုမိုနီးကပ်စွာလိုက်ပါ ဆောင်ရွက်စေမည်ဖြစ်ပြီး ၎င်း၏ကတိကဝတ်များကို ဖြည့်ဆည်းနိုင်ရေးအတွက်ကိုလည်း အထောက်အကူဖြစ်စေ ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်၌ အောက်ဖော်ပြပါ အချက်များကို အဓိကထား၍ အလေးပေးဆန်းစစ်လေ့လာမှုများကို ပြုလုပ်ပါသည်-
•  သွင်းကုန်အပေါ် သက်ရောက်သည့်အစီအမံများ
(Measures directly affecting Imports)
•    ပို့ကုန်အပေါ်သက်ရောက်သည့်အစီအမံများ
(Measures directly affecting exports)
•    ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုအပေါ် သက်ရောက်သည့် အစီအမံများ
(Measures affecting production and trade)

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အတွင်းရေးမှူးရုံး၏ အစီရင်ခံစာပါအချက်များအားလေ့လာခြင်း

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အတွင်းရေးမှူးရုံး၏ အစီရင်ခံစာ (Secretariat Report) တွင် ဖော်ပြသည့်အကြောင်းအရာများကို လေ့လာကြည့်မည်ဆိုပါက နိုင်ငံ၏စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ရာတွင် တွ့ကြုံသည့်အခြေအနေများဖြစ်သော မေခရိုစီးပွားရေးရာ မူဝါဒချမှတ်ထား သည့် အခြေအနေများ၊ ကုန်သွယ်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမူဝါဒများနှင် ကုန်သွယ်မှု၏ ရှေ့အလားလား များအပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အခြေအနေအရပ်ရပ်ကို ပထမပိုင်းအနေဖြင့် ဦးစွာဖော်ပြပါသည်။ ငွေလဲနှုန်းမူဝါဒ (Exchange Rate Policy)၊ ငွေရေးကြေး ရေးမူဝါဒ (Monetary Policy)၊ ဘဏ္ဍဍာရေးမူဝါဒ (Fiscal Policy) နှင့် အခြားဖွဲ့စည်းပုံပြုပြင် ပြောင်းလဲမှုဆိုင်ရာ အခြေအနေများအပါအဝင်နိုင်ငံ၏အဓိကပို့ကုန်ဈေးကွက်၊ နှစ်အလိုက်ပို့ကုန်/ သွင်းကုန် (ကုန်သွယ်မှုပြုသည့်) အခြေအနေများအပြင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လျက်ရှိ သော ကဏ္ဍဍများကိုပါ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ဒုတိယအပိုင်းအနေဖြင့် ကုန်သွယ်မှုမူဝါဒရေးရာ ဥပဒေပြုရေးဆိုင်ရာ ရည်ရွယ်ချက်နှင့် မူဘောင်များအရကုန်သွယ်မှုဥပဒေပြုရေး၊ ကုန်သွယ်မှုမူဝါဒများချမှတ် ဆောင်ရွက်ရာတွင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် တာဝန်ရှိအဖွဲ့အစည်းများ၊ ၎င်းတို့၏ရည်ရွယ်ချက်များနှင့် နှစ်နိုင်ငံ (သို့) ဒေသတွင်းနှင့် နိုင်ငံစုံကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များအရ လိုက်ပါဆောင်ရွက်နေမှုများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လျက်ရှိသည့်အခြေအနေနှင့် ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများ/ပဋိပက္ခများ၊ အကြံပြုချက်များ အစရှိသဖြင့် ထည့်သွင်းဖော်ပြေ ပးထားသည်ကို တွေ့မြင်နိုင်ပါသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ကန့်သတ်တားမြစ်ချက်များအပြင် မြေယာအသုံးပြုမှုဆိုင်ရာ ပြည်တွင်းမူဝါဒချမှတ်ဆောင်ရွက်နေမှုများနှင့် စည်းကြပ်ခွန်အမျိုးအစားအလိုက် အခွန်ကောက်ခံဆောင်ရွက်နေမှုများကိုလည်းထည့်သွင်းဖော်ပြထား သည်ကိုလေ့လာနိုင်ပါသည်။ ထို့အပြင် ကုန်သွယ်မှုဆိုင်ရာဥပဒေများအဖြစ် ယှဉ်ပြိုင်မှုဥပဒေ၊ အသိဉာဏ် ပစ္စည်းမူပိုင် ခွင့်ဥပဒေ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်း များဆိုင်ရာ ဥပဒေ (SMEs Law) ၊ ဆက်သွယ်ရေးဥပဒေ (Telecommunication Law)နှင့် စံချိန်စံညွှန်းဥပဒေ (Standardization Law) စသည့်အရေးပါသည့် ဥပဒေပြုရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုများကို ဖော်ပြထားပါသည်။သို့ဖြစ်ရာ TPR Secretariat reportတွင် နိုင်ငံတစ်နိုင်ငံအတွက် အနာဂတ်တွင် ခိုင်မာအားေ ကာင်းသောစီးပွားရေးအသိုက်အဝန်း ဖြစ်ပေါ် လာနိုင်ရေးကိုတွန်းအားပေးနိုင်မည့် ဥပဒေများနှင့်ပတ်သက်၍ လေ့လာနိုင်ပြီး ဆက်လက်ပြင်ဆင်မည့်ဥပဒေပိုင်းဆိုင်ရာများကိုလည်း ခန့်မှန်းလေ့လာနိုင်မည်ဖြစ်ပါသည်။ ဤသို့ပွင့်လင်းမြင်သာစွာထုတ်ဖော်သုံးသပ်ခြင်းဖြင့် တာဝန် ယူအကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစိုးရ/ ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့်လည်း ရှေ့ဆက်ဆောင်ရွက်သင့်သည့်များကို မြင်သာလာစေမည့်အပြင် နိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာလုပ်ငန်းစဉ်များကို နိုင်ငံတကာက ပိုမိုနားလည်သဘောပေါက်စေ မည်ဖြစ် ပါသည်။
တတိယအပိုင်းတွင် ကုန်သွယ်မှုမူဝါဒများနှင့်လက်ရှိဆောင်ရွက်နေသော အလေ့အထများ ဖြစ်သောသွင်းကုန်အပေါ်တိုက်ရိုက်သက်ရောက်မှုရှိနိုင်သည့် အစီအမံများ၊  အကောက်ခွန်သတ်မှတ်စည်းကြပ်နေမှုအခြေအနေများနှင့်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့သို့ အခွန်နှုန်းထားသတ်မှတ်ထုတ်ပြန် ထားရှိသည့်အခြေအနေများ၊ အထူးအခွင့် အရေးပေးသည့်အခွန်နှုန်းထား (preferential tariff) ခံစားခွင့်ရှိနေသည့်အခြေအနေများနှင့် သွင်းကုန်လိုင်စင် ရရှိရန်အတွက် ကြုံတွေ့နေရသည့် တားမြစ်ကန့်သတ်ချက် များ၊ ပင်ရင်းဒေသ စည်းမျဉ်းအပါအဝင် ဖြစ်ပေါ်လာနိုင်မည့် အရေးပေါ်ကိစ္စရပ်များအတွက် သတ်မှတ်အစီအမံများ၊ သင်္ဘောမဆိုက်ရောက်မီ ကြိုတင်စစ်ဆေးခြင်း (Pre-shipment inspection)၊ အခွန်အမျိုးအစားအလိုက် ကောက်ခံရရှိသော ရာခိုင်နှုန်းများ၊ အစိုးရဝယ်ယူရေး (Government procurement)၊ နိုင်ငံပိုင်ကုန်သွယ်မှုလုပ်ငန်းများ (State Trading) နှင့် အခြားသောအကောက်အခွန်မဟုတ်သည့် အစီအမံများ၊ ပို့ကုန်များအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနိုင်မည့် အစီအမံများ၊ အထူးစီးပွားရေး ဇုန်များ၊ ပို့ကုန်ဈေးကွက်ဆိုင်ရာ အခြေအနေများ၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုအပေါ် သက်ရောက်နိုင်မည့် အစီအမံများ၊ ပုဂ္ဂလိကကဏ္ဍဍသို့လွှဲပြောင်းပေးခြင်းကိစ္စရပ်များ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အခွင့်အလမ်းများအတွက် ချမှတ်ထားသည့် မူဝါဒများ စသည်ဖြင့် အဘက် ဘက်မှရှုမြင်သုံးသပ်၍ ဖော်ထုတ်ရေးသားထားသည်ကို တွေ့နိုင်ပါသည်။
စတုတ္ထအပိုင်းတွင် ကဏ္ဍဍအလိုက်ကုန်သွယ်မှုမူဝါဒရေးရာ ချမှတ်ဆောင်ရွက်နေမှုများအဖြစ် လယ်ယကဏ္ဍဍ၊စွမ်းအင်နှင့်သယံဇာတများအသုံးချမှုကဏ္ဍဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍဍနှင့် ဝန်ဆောင်မှုကဏ္ဍဍစသည်တို့ကိုလက်ရှိဆောင်ရွက်နေသည့်အခြေအနေများကို အခြေတည် ၍ထည့်သွင်းဖော်ပြထားပါသည်။ ထို့အပြင် ဝန်ဆောင်မှုကုန်သွယ်ရေးအပေါ် ထိန်းကွပ်ဆောင်ရွက်နိုင်မည့်ခိုင်မာအားကောင်းသော ဥပဒေ၊မူဝါဒများပေါ်ပေါက်လာနိုင်ရေးကိုတွန်းအားဖြစ်စေနိုင်မည့်အခြေအနေအရပ်ရပ်ကိုလည်း ဖော်ပြထားပါသည်။ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ေ နာက်ဆုံးထွက်ရှိထားသော ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းအစီအရင်ခံစာပုံစံ၌ကုန်သွယ်မှုမူဝါဒဆန်းစစ်မှု ပြုလုပ်သောနိုင်ငံအနေဖြင့်၎င်း၏သယ်ယူပို့ဆောင်ရေးဆိုင်ရာဝန်ဆောင်မှုအရပ်ရပ်(ကုန်လမ်း၊ ရေလမ်းနှင့်လကြောင်း)နှင့်ပတ်သက်၍ မိတ်ဖက်နိုင်ငံများဖြင့် ညှိနှိုင်းထားပြီး ခွင့်ပြုဆောင်ရွက်နေသည့် အခြေအနေ၊ အမျိုးအစားများကိုပါ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အတွင်းရေးမှူးရုံး၏ အစီရင်ခံစာ (Secretariat Report) သည် နိုင်ငံ၏ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေမှု၊ ကုန်သွယ်မှုမူဝါဒရေးရာချမှတ်ဆောင်ရွက်နေမှုများ အပေါ်မူတည်၍ အဖွဲ့ဝင်တစ်နိုင်ငံနှင့်တစ်နိုင်ငံ အလေးပေးဖော်ပြချက်များ အနည်းငယ်ကွဲလွဲ မှုရှိ နိုင်သော်လည်း အတွင်းရေးမှူးရုံး၏ အစီရင်ခံစာ(Secretariat Report)ပါ အကြောင်းအရာများကိုဖတ်ရှုခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်မှု ဆောင်ရွက်ချက်များ အပြင် ရှေ့ဆက်ဖြစ်လာနိုင်မည့် အလားအလာများ၊ ပြုပြင်ပြောင်းလဲသင့်သည့် အကြံပြုချက်များ၊ပွင့်လင်းမြင်သာရှိလာမှုကြောင့် နိုင်ငံတကာ၏စိတ်ပါဝင်စားမှုပိုမို သက်ရောက်လာနိုင်မည့်အခွင့်အလမ်းများအပြင် ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုဝင်ရောက်လာနိုင်ဖွယ်ရှိပါသည်။ထို့အပြင်နိုင်ငံစုံ၊ ဒေသတွင်းနှင့်နှစ်နိုင်ငံသဘောတူညီချက်များအရ ကုန်သွယ်မှုပြုရာတွင် ကြုံတွေ့လာနိုင်မည့် အငြင်းပွားဖွယ်ရာများကိုဖြေရှင်းရာတွင် ခိုင်မာသည့် အထောက်အထားဖြစ် စေမှုကိုပါပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

WTO ဌာနခွဲ
ကုန်သွယ်ရေးဦးစီးဌာန