Fully Online Licensing စနစ်ဖြင့် ကုန်ပစ္စည်းအမယ်များကို တိုးချဲ့ထုတ်ပေးမည်

Mon, 02/20/2017 - 04:53 -- admin_ygn

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနတွင် ပို့ကုန်/ သွင်းကုန်လိုင်စင် ထုတ်ပေးမှုအတွက် အွန်လိုင်းကို အပြည့်အဝအသုံးပြုနိုင် သည့် ပို့ကုန်/သွင်းကုန်လိုင်စင်စနစ်  (Fully Online Licensing System) ဖြင့် သတ်မှတ်ကုန်ပစ္စည်း အမယ်အချို့ကို ၂၀၁၆ခုနှစ် ဇွန်လမှ စတင်ခွင့်ပြု ထုတ်ပေးခဲ့ပြီး CMP (အထည်ချုပ်)သွင်းကုန်လိုင်စင်များအား မြန်မာနိုင်ငံအထည်ချုပ်အသင်း နှင့်ချိတ်ဆက်၍ (Fully Online Licensing) စနစ်ဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှစတင်ကာ စမ်းသပ်ထုတ်ပေးလျက်ရှိသည်။
       သွင်းကုန်လိုင်စင်လျှောက်ထားမှု အပိုင်းတွင်လည်း နိုင်ငံတကာတွင်ကျင့်သုံးနေသည့် လုပ်ထုံး လုပ်နည်းများနှင့်လိုက်လျောညီထွေရှိစေရန် လိုင်စင်လျှောက်ထားရန် မလိုအပ်သည့် ကုန်ပစ္စည်း အမယ်များအဖြစ် အဆင့်လို က် ဖြေလျော့ပေးခဲ့သည်။ ယင်းကဲ့သို့ ဖြေလျော့ပေးရာတွင်  ဖြေလျော့ ပေးခဲ့သည့် Negative List HS Line များမှထောက်ခံချက်များ ပူးတွဲတင်ပြရန် မလိုအပ်သည့် ပို့ကုန် သွင်းကုန်ပစ္စည်း HS Line ၃၅၂ လိုင်းအား Fully Online စနစ်တွင် တိုးချဲ့ထုတ်ပေးနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ယင်းကဲ့သို့  ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ တွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များဘက်မှ ဖြည့်စွက်အကြံပြုမှုများ၊ ထပ်မံထည့်သွင်းလိုသည့် ကုန်ပစ္စည်း HS  Line များအား အကြံပြုသွားရန် ညှိနှိုင်းထားကြောင်း သိရသည်။

 

မယ်သီတာ