၂၀၁၆ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပဲမျိုးစုံတန်ချိန် ၂၇ ဒသမ ၄၈သိန်းအထိ အိန္ဒိယနိုင်ငံ တင်သွင်း

Thu, 12/15/2016 - 06:32 -- admin_ygn

         အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် ၂၀၁၆ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပဲမျိုးစုံတန်ချိန် ၂၇ဒသမ ၄၈သိန်း အထိ တင်သွင်းခဲ့ရပါတယ်။ ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရအေဂျင်စီတွေ ဘက်က ပဲမျိုးစုံ  စုစုပေါင်းတန်ချိန် ၂၇၄၈၄၇၃ အထိ  တင်သွင်းခဲ့ရတာဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်ကတော့ ပဲမျိုးစုံ တန်ချိန် ၅၇ဒသမ ၉၇ သိန်း အထိ တင်သွင်းခဲ့ရတယ်လို့ အစားအသောက်နှင့် စားသုံးသူ ရေးရာ ပြည်နယ် ဝန်ကြီး CR  Chaudharyu က ထုတ်ပြန်တဲ့စာရင်း ဇယားများအရ သိရပါတယ်။
         အစိုးရအနေနဲ့ ပြည်တွင်းကနေ ဝယ်ယူမှုနဲ့ ပြည်ပကနေ တင်သွင်းမှုတွေပြုလုပ်ပြီး ပဲမျိုးစုံတန်ချိန် သိန်း၂၀ အထိ ကြားခံသိုလှောင်မှုအဖြစ်ထားရှိဖို့ အတည်ပြုခဲ့တယ်လို့သိရပါတယ်။ အဲဒီလိုဝယ်ယူရာမှာလည်း ဈေးကွက်ေ ပါက်ေ ဈးက အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း (MSP) သတ်မှတ်ဈေးထက် မြင့်နေရင် ဈေးကွက်ပေါက်ဈေးနဲ့ ဝယ်ယူသွားမှာဖြစ်ပြီး MSP သတ်မှတ်ဈေးက ဈေးကွက်ပေါက်ဈေးထက်မြင့်နေရင် MSP ဈေးနဲ့ ဝယ်ယူသွားမှာဖြစ်တယ် လို့ ဆိုပါတယ်။ ကြားခံသိုလှောင်မှုအဖြစ်ထားရှိဖို့အတွက် အစိုးရအနေနဲ့ MMTC နဲ့ STC မှတစ်ဆင့် ပဲမျိုးစုံတန်ချိန် ၄ဒသမ ၀၆ သိန်းအထိ တင်သွင်းဖို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၈၁၉၈၅ တန်က တော့ အိန္ဒိယနိုင်ငံကို ရောက် ရှိပြီးဖြစ် ပါတယ်။  အိန္ဒိယနိုင်ငံ ဟာ မနှစ်က  မိုးရရှိမှုနည်းပါးခဲ့တာကြောင့်၂၀၁၅-၂၀၁၆သီးနှံ နှစ် (ဇွန်-ဇူလိုင်)မှာ ပဲမျိုးစုံထုတ်လုပ်မှုဟာ တန်ချိန် ၁၆ဒသမ ၅သန်းအထိ ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ်မှာတော့ မုတ်သုံမိုး အားကောင်း တာကြောင့် အစိုးရအနေနဲ့  ပဲမျိုးစုံ ထုတ်လုပ်မှုကို တန်ချိန်၂၀ဒသမ ၇၅သန်းအထိ ထုတ်လုပ်နိုင် ဖို့ လျာထားပါတယ်။ ဒါဟာလည်း မိုးရာသီပြီးဆုံးစရိတ် သိမ်းပြီးတဲ့အပေါ် တန်ချိန် ၈ဒသမ ၇သန်းထွက်ရှိဖို့ မှန်းထားပြီး ဆောင်း ရာသီမှာ တန်ချိန် ၁၃ဒသမ ၅ သန်း ထုတ်လုပ်ဖို့ မျှော်မှန်းထားကြောင်း သတင်းရရှိပါတယ်။

 

ကြယ်ပြာပန်း (MYANTRADE)