အသုံးပြုပြီးစက်ဘီး(Used Bicycle) များအား ၂၀၁၈ ခုနှစ်အတွက်တင်သွင်းခွင့်ပြုခြင်း

Thu, 02/01/2018 - 05:13 -- admin_ygn

           ပြည်တွင်းရှိ  အခြေခံလူတန်းစားများ  အသုံးပြုနိုင်ရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပမှအသုံးပြုပြီး စက်ဘီး (Used Bicycle) များအား နှစ်အလိုက်တင်သွင်းခွင့်ပြုခဲ့ရာ ယခု ၂၀၁၈ ခုနှစ် အတွက်လည်း ပြည်ပမှ တင်သွင်းနိုင်ရန်အတွက် ပို့ကုန် သွင်းကုန်နှင့် ပတ်သက်သောသတင်းလွှာ(၁^၂၀၁၈)အား ထုတ် ပြန်ခဲ့ကြောင်းသိရသည်။  အဆိုပါ သတင်းလွှာအရ အသုံးပြုပြီးစက်ဘီး(Used Bicycle) များ တင်သွင်းရာတွင် ပြည်တွင်း၌ အသုံးပြု၍မ ရသော စက်ဘီး ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် စက်ဘီး အင်္ဂါရပ်နှင့်ပြည့်စုံသော အသင့်အသုံးပြုနိုင်သည့် စက်ဘီးများ ကိုသာ တင်သွင်းရမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းလိုအပ်ချက်အပေါ် မူတည်၍ နှစ်စဉ် ပြန်လည်သုံးသပ်သွားမည်ဖြစ်ေ ကြာင်း သိရှိ ရပြီး အသေးစိတ်သိရှိလိုပါက www.commerce.gov.mm တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။

 

ကြည်သာသစ်နိုင်