မြန်မာနိုင်ငံမှ တင်ပို့သည့် ကွမ်းသီးခြမ်းအား သြစတြေးလျနိုင်ငံမှတားမြစ်

Wed, 03/07/2018 - 09:01 -- admin_ygn

         သြစတြေးလျနိုင်ငံ၊ စိုက်ပျိုးရေး နှင့် ရေအရင်းအမြစ်ဝန်ကြီးဌာန၊ အစား အသောက်နှင့် သွင်းကုန်ဌာနသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာ နိုင်ငံမှတင်ပို့သည့် ကွမ်းသီးခြမ်း ကုန် ပစ္စည်း(SupariHalf-BetelNut) အပေါ် တားမြစ်ခဲ့ပါသည်။ ထိုသို့ တားမြစ်ရသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံမှ တင်သွင်းလာသော ၎င်းင်းစားသောက် ကုန်အမျိုးအစားသည် သြစတြေးလျ နိုင်ငံသို့ တင်သွင်းရန် တားမြစ်ထား သည့်အပင်နှင့် အပင်ထွက်ပစ္စ ည်းအမျိုး အစားတွင်ပါဝင်နေပြီး စားသောက်ကုန်များ တင်သွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းမရှိသောကြောင့် ဖြစ်ပါသည်။ ၎င်းကွမ်းသီးခြမ်း ကုန်စည်သည် သြစတြေးလျနိုင်ငံတွင် ၂၀၀၃ ခုနှစ်က ပြဋ္ဌာန်း ခဲ့သော အက်ဥပဒေ အောက် ရှိ  Food Standards Code ပါ အပိုင်း 1.4 : Contaminants and residues ၏ section 1.4.4 ရှိ အပင်နှင့် အပင်ထွက်ပစ္စည်းများကို တားမြစ်ကန့်သတ်ထား သည့် Prohibited and restricted plants and fungi တွင် အကျုံးဝင်ပြီး ၎င်း  Section ၏ အဓိပ္ပာယ်အရ သြစတြေးလျနိုင်ငံ အတွင်းသို့ အပင်နှင့်အပင် ထွက်ပစ္စည်း များကိုတင်သွင်းခွင့်အား လုံးဝခွင့်မပြု ထားကြောင်း တွေ့ရှိရပါသည်။
        သြစတြေးလျနိုင်ငံ ၊ စိုက်ပျိုးရေး နှင့်ရေအရင်းအမြစ် ဝန်ကြီးဌာန၏ အကြောင်းကြားချက်အရ အနာဂတ်တွင် ဤကွမ်းသီးခြမ်းကုန်စည်နှင့် အလား တူကုန်ပစ္စည်းများကို သြစတြေးလျနိုင်ငံ ဘက်သို့ တင်ပို့ခဲ့ပါက သြစေ တြးလျ နိုင်ငံ၏ အစားအသောက် လိုအပ်ချက် များနှင့် လျော်ညီကြောင်း တင်ပြနိုင် ခြင်းမရှိခဲ့လျှင် ယခုကဲ့သို့ပင် တားမြစ်မည်ဖြစ်ပြီး ကွမ်းသီးခြမ်းတင်သွင်းမှုကို တားမြစ်လိုက်သည့် ကိစ္စရပ်အား Online ပေါ်တွင် ဇန်နဝါရီလအ တွင်း၌ ထုတ် ပြန်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့သူများ သိရှိ သတိပြုနိုင်ရေး ဖော်ပြလိုက်ရပါသည်။

 

ဒေါက်တာရွှေစင်ကို (နှစ်နိုင်ငံ)