မုံရွာကုန်စည်ဒိုင်နိုဝင်ဘာလဆန်း ပဲဈေးကွက်ကုလားပဲ ဈေးဆက်လက်မာ

Tue, 11/08/2016 - 07:59 -- admin_ygn

       မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလဆန်းပဲမျိုးစုံဈေးကွက် မှာ ကုလားပဲဈေးကွက်အနေနဲ့  ဒေသတွင်းပဲခွဲစက်၊ အမှုန့် ကြိတ်စက် လုပ်ငန်းသမားအဝယ်အပြင် ကြာဆန်နဲ့ မျိုးအ ဝယ် အနည်းငယ်ရှိခဲ့လို့  ဆက်လက်ဈေးမာနေရာ V2 တစ်တင်း ၄၅၅၀ဝကျပ်မှ ကျပ် ၄၆၀ဝ၀ ၊ ထိုင်ဝမ်တစ်တင်း ကျပ်၄၃၅၀ဝ မှ ကျပ် ၄၄၀ဝ၀ နဲ့ ၉၂၉ တစ်တင်း ကျပ် ၄၃၅၀ဝ ဝန်းကျင်နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ အောက်တိုဘာလကုန်ပတ် အတွင်း မုန်တိုင်းမိုးမကြာခဏရွာနေလို့ ဒေသတချို့မိုးကြီးရာ စိုက်ပျိုးပြီးစ  ကုလားပဲခင်းအနည်းငယ် အပင်ပေါက်တွေ ထိခိုက်ပျက်စီးမှုဖြစ်နိုင်တယ်လို့ တောင်သူတချို့ကဆိုပါတယ်။
         ငုံနီဈေးကွက်မှာ ရောင်းသူရောဝယ်သူပါရှားပြီး ဒေသတွင်းကုန်သည် လှောင်လက်အဝယ်အနည်းငယ်ရှိလို့ တစ်တင်း ကျပ် ၃၁၃၀ဝ ကနေ ကျပ် ၃၁၈၀ဝ အကြားအေ ရာင်းအဝယ် အနည်းငယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်လည်း အကြီးရောအသေးပါ ငြိမ်ခဲ့ရာ စိမ်းကြီးကတစ်တင်း ကျပ် ၂၆၀ဝ၀ မှ ကျပ် ၂၆၅၀ဝ နဲ့ စိမ်း သေးက  ကျပ် ၂၆၅၀ဝ နဲ့ တစ်ရက် နှစ်မျိုးပေါင်း အိတ် ၃၀ဝ ခန့် အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ကုန်သည်ရပ်ကွက်မှ သိရပါတယ်။ ယခုတစ်ပတ်မတ်ပဲဈေးကွက်မှာ လည်း ပဲသစ် က တစ်တင်းကျပ်  ၄၀ဝဝဝ မှ ၄၁၀ဝ၀ နဲ့ ပဲဟောင်းက တစ်တင်း ကျပ် ၄၃၀ဝ၀ မှ ကျပ် ၄၅၀ဝ၀ ကြားပေါက်ဈေး အသီးသီး ငြိမ်နေပြီး တစ်ရက်အိတ် ၂၀ဝ မှ ၃၀ဝ ခန့် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။
       ကျန်အခြားပဲမျိုးစုံဈေးကွက်မှာတော့ ပုဂံပဲ၊ မြေထောက်ပဲနဲ့ လုပ်ငန်းသုံးပဲ ဖြစ်တဲ့ ပဲကြီးတို့သာ တစ်တင်း နှစ်သောင်းအထက်ပေါက်ဈေးဖြစ်ပေါ်နေပြီး ကျန်ပဲ လက်လီ ဈေး ကွက်မှာတော့ ထောပတ်ပဲတစ်တင်း ကျပ် ၁၄၀ဝ၀ မှ ကျပ် ၁၅၀ဝ၀ ၊ စွန်တာနီတစ်တင်း ကျပ် ၁၅၅၀ဝ၊ ပဲနီလုံးကြား တစ်တင်းကျပ် ၁၇၅၀ဝ၊ ပဲပုပ်စေ့ တစ်တင်း ကျပ် ၁၇၈၀ဝ၊ မလွမ်းပိုတစ်တင်းကျပ် ၁၉၀ဝ၀ အသီးသီးပေါက်ဈေးဖြစ် ပေါ်ခဲ့ကာ  အမြင့်ပဲအဖြစ် ပဲကြီးတစ်တင်း ကျပ် ၂၆၀ဝ၀ မှ ကျပ် ၂၄၅၀ဝ၊ ပုဂံပဲ တစ်တင်းကျပ် ၂၄၀ဝ၀ နဲ့ မြေထောက် ပဲ တစ်တင်းကျပ် ၂၄၀ဝ၀ အသီးသီးပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး လက်လီအရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ မုံရွာကုန် စည် ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ