ပြည်ဒေသထွက် မန်ကျည်းမှည့်အသစ် ဒေသတွင်းစီးဆင်း

Mon, 01/25/2021 - 08:06 -- admin_ygn

ပြည်ပွဲရုံများတွင် နှစ်ဟောင်းလှောင်မန်ကျည်းမှည့်များ ကုန်သွားသလောက် ရှိနေကြောင်း သိရသည်။ ပြည်မြို့နယ်တစ်ဝိုက်မှ  ဒေသထွက် မန်ကျည်းမှည့် အသစ်များစ၍ဝင်ရောက်နေပြီး တစ်ရက်လျှင် ပိဿာ ၃၀မှ ၅၀ ထိ အဝင်ရှိနေသည်။ အသား ချည်းသက်သက်မဟုတ်ဘဲ အစေ့ပါ (ကတုံး) မန်ကျည်းမှည့်များဖြစ်ပြီး တစ်ပိဿာပွဲရုံဈေးကျပ် ၂၂၀ဝ ဈေးနှင့် လက်လီ ကျပ် ၂၅၀ဝ ဈေးတို့ဖြင့် ရောင်းချနေ ကြောင်း သိရသည်။ ဝင်ရောက်သော မန်ကျည်းမှည့်အသစ်များ လက်ကျန်မရှိသော် လည်း ဒေသတွင်းအရောင်းအဝယ်ပြန်ဖြစ်နေကြောင်း သိရသည်။

 

နီနီဝင်း(ပြည်)